ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးကို နိုဝင်ဘာလ ၂၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာ စကားပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကအမှာစကား ပြောကြားရာတွင်-
- ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်အတွက် ဖြည့်စွက်ခွင့် ပြုငွေတောင်းခံမှုများကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က အတည်ပြုပေးရန် ဖြစ်ပြီး အတည်ပြုပြီးပါက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့မှတစ်ဆင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဆက်လက်ပေးပို့ တင်ပြအတည်ပြု ပြဋ္ဌာန်းသွားရမည်ဖြစ်ကြောင်း။
- ဌာန၊ အဖွဲ့အစည်းများမှတောင်းခံလာသည့် ဖြည့်စွက်ခွင့်ပြုငွေများသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေဖြင့် အတည်ပြုပြဋ္ဌာန်း ပြီးမှသာ သုံးစွဲရမည်ဖြစ်သည့်အတွက် ဘဏ္ဍာရေးနှစ်မကုန်မီ လုပ်ငန်းများပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အသုံးစရိတ်များကိုသာ တောင်းခံကြရမည်ဖြစ် ပြီး အချိန်မီပြီးစီးအောင်လည်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
- အချို့သောကိစ္စများကြောင့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရန် နိုင်ငံတော်၏ အဓိကကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန် ထုတ်လုပ်ငန်းများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ကြရန်လိုကြောင်း။
- ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမှသာ ပြည်ပမှကုန်ပစ္စည်း တင် သွင်းမှုများ လျှော့ချနိုင်ပြီး နိုင်ငံခြားသုံးငွေသုံးစွဲမှုလည်း လျော့ကျလာမည်ဖြစ်သကဲ့သို့ ပြည်တွင်းငွေကြေးလည်ပတ်မှုများ တိုးတက်ကောင်းမွန်လာပြီး နိုင်ငံတော်၏ ငွေကြေးကဏ္ဍ တည်ငြိမ်မှုကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။
- ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်က ထပ်မံခွင့်ပြုပေးလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများကို နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုမည့် လုပ်ငန်းများနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးမည့် လုပ်ငန်းများတွင် ထိထိရောက်ရောက် ဖြစ်စေရေးကြပ်မတ်စိစစ်သုံးစွဲကြစေလိုကြောင်း။
- အသုံးစရိတ်နှင့် ဆက်စပ်နေသည့် GDP ရည်မှန်းချက်များကို ပြည့်မီစွာအကောင် အထည် ဖော်နိုင်ရေးကို ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များက ကြိုးပမ်းဆောင်ရွက်ရန် မှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့။
ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် က ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်သို့တင်ပြီး ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင်အတွင်းရေး မှူး၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင် စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က-
- မြန်မာနိုင်ငံ၏ GDP သည် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများထက် နည်းပါးလျက် ရှိသည်ကိုတွေ့ရ၍ GDP တိုးတက်လာရေး ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်း ဒေသကြီးနှင့် ပြည် နယ်များက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း။
- ယခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြုံတွေ့ခြင်း၊ သွင်းအားစုများဈေးနှုန်းမြင့်တက်ခြင်း တို့ကို အကြောင်းပြ၍ အခြေခံစားကုန်များ ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် အခြေခံလူ တန်းစားများ အနေဖြင့် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း။
- စိုက်ပျိုးရေးလုပ်ငန်းများ၌လည်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက် ခြင်း၊ သီးထပ်စွမ်းအားတိုးမြှင့်ခြင်း၊ စိုက်ဧကတိုးချဲ့ခြင်းဟူသည့် နည်းလမ်း ၃ သွယ်ဖြင့် အထွက်နှုန်းတိုးမြင့်အောင် ဆောင်ရွက်နိုင်ပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင် ရွက်ခြင်းနှင့် သီးထပ်စွမ်းအားတိုးမြှင့်ခြင်းသည် မူလရှိပြီးအခြေခံအပေါ် တိုးတက်အောင် ဆောင်ရွက်ခြင်းဖြစ်၍ ဖြစ်နိုင်ခြေမြင့်မားသဖြင့် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- စိုက်ပျိုးရေးလုပ်ငန်းများနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေး၌ စိုက်ပျိုးရေရရှိရေးသည် အရေး ကြီးသဖြင့် ရေရရှိရေးနည်းလမ်း ၄ ခုဖြစ်သည့် မိုးကောင်းသောက်ရေ၊ ဆည်ရေ၊ မြစ် ချောင်းရေ၊ မြေအောက်ရေစသည်တို့ကို ဒေသအလိုက်ပေါင်းစပ်အသုံးပြုရမည်ဖြစ်ကြောင်း။
- စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက GDP တိုးတက်လာပြီး နိုင်ငံ၏ဘဏ္ဍာငွေ တိုးတက်ရရှိလာမည်ဖြစ်ပြီး ထုတ်လုပ်လိုက်သည့် ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီအောင်ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပသို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကာ ပြည်ပပို့ကုန်များ မြှင့်တင်နိုင်မည်ဖြစ်ကြောင်း။
- ပြည်သူများသွားလာမှု အဆင်ပြေစေရေးအတွက် လေယာဉ်ကွင်းများ အဆင့်မြှင့်တင် ခြင်းနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မီးရထားလမ်းများ ပြန် လည်ပြုပြင်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း။
- နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်၊ ကျဆုံးခဲ့ရသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ သား၊ သမီးများ၊ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်စဉ် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်၊ ကျဆုံးခဲ့ ရသည့် အငြိမ်းစား ဝန်ထမ်းများ၏ သား၊ သမီးများ ပညာသင်ကြားခွင့်ရရှိရေးနှင့် အသက် မွေးဝမ်းကြောင်း ပညာသင်ကြားနိုင်ရေးတို့အတွက်လည်း ထည့်သွင်းစဉ်းစား ဆောင်ရွက် သွားရန်လို ကြောင်း။
- သဘာဝဘေးအန္တရာယ်နှင့် လူတို့ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် လိုအပ်သည့် ဘတ်ဂျက်ငွေများကို လည်း ချထားပေးသွားမည်ဖြစ်သဖြင့် ထည့်သွင်းတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း။
- စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ၎င်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေနှင့် အခြားလိုအပ်ချက်များရှိပါက နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားသွန် ခွန်စိုက် ဆောင်ရွက်ရန်လိုကြောင်း။
- အများပြည်သူ အသုံးပြုနိုင်သည့် အခြေခံလိုအပ်ချက်များကို နေပြည်တော် ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ဖြည့်ဆည်းပေးနိုင် ရေးဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် စီးပွားရေး ဦးတည်ချက်များ အတိုင်း နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများတွင် အင်ပြည့်အားပြည့် ဝိုင်းဝန်းကြိုးပမ်း ဆောင် ရွက်ပြီး ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေး၊ နိုင်ငံ့စီးပွားရေးကို ပုံမှန်လည်ပတ်နိုင်ရေးမှတစ်ဆင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း။
- နိုင်ငံ့ဝန်ထမ်းများအတွက် လက်ရှိလစဉ်ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး တစ်ဦးလျှင် တစ်လကျပ် ၃၀,၀၀၀ အပြင် ထပ်မံပြီးကျပ် ၃၀,၀၀၀ ကို အပို ထောက်ပံ့ ကြေးအဖြစ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ထပ်မံတိုးမြှင့် ခံစားခွင့်ပြုခဲ့သည့် အပြင် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး လက်ရှိပင်စင်ခံစားနေကြသည့် နိုင်ငံ့ ဝန်ထမ်းအငြိမ်းစားများအတွက်လည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဉီးလျှင် တစ်လ ကျပ် ၃၀,၀၀၀ ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ လစဉ်ခံစားခွင့် ပြုပေးခဲ့ ကြောင်း။
- ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ခွဲဝေပေးသည့် ဘဏ္ဍာငွေများနှင့် အကောင် အထည်ဖော် ဆောင်ရွက်ကြရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများ နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန်၊ သတ်မှတ်ဘဏ္ဍာရေး နှစ်အတွင်း လုပ်ငန်းများ အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီး အောင် ဆောင်ရွက်ပေးကြရန်၊ နိုင်ငံ့ဘဏ္ဍာငွေများကို လေလွင့်ဆုံးရှုံးမှု မရှိအောင် ကြပ် မတ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားခဲ့။
အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁၁-၂၀၂၄)
- ပြည်တွင်းကုန်ထုတ်လုပ်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာမှသာ ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုများ လျှော့ချနိုင်ပြီး နိုင်ငံခြားသုံးငွေသုံးစွဲမှုလည်း လျော့ကျလာမည်ဖြစ်သကဲ့သို့ ပြည်တွင်းငွေကြေး လည်ပတ်မှုများ တိုးတက်ကောင်းမွန်လာပြီး နိုင်ငံတော်၏ ငွေကြေးကဏ္ဍ တည်ငြိမ်မှုကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်။
- ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နိုင်ငံတော်က ထပ်မံခွင့်ပြုပေးလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် အထောက်အကူပြုမည့် လုပ်ငန်းများနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ လူမှုစီးပွား ဘဝကို မြှင့်တင်ပေးမည့် လုပ်ငန်းများတွင် ထိထိရောက်ရောက်ဖြစ်စေရေးကြပ်မတ်စိစစ် သုံးစွဲ ကြစေလို။
- စိုက်ပျိုးရေးလုပ်ငန်းများ၌လည်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ခြင်း၊ သီးထပ်စွမ်းအားတိုးမြှင့်ခြင်း၊ စိုက်ဧကတိုးချဲ့ခြင်းဟူသည့် နည်းလမ်း ၃ သွယ်ဖြင့် အထွက်နှုန်း တိုးမြင့်အောင် ဆောင်ရွက်နိုင်ပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ခြင်းနှင့် သီးထပ် စွမ်းအားတိုးမြှင့်ခြင်းသည် မူလရှိပြီးအခြေခံအပေါ် တိုးတက်အောင် ဆောင်ရွက်ခြင်းဖြစ်၍ ဖြစ် နိုင်ခြေ မြင့်မားသဖြင့် အလေးထားဆောင်ရွက်ရမည်ဖြစ်။
- စိုက်ပျိုးရေးလုပ်ငန်းများနှင့် သီးထပ်စွမ်းအားမြှင့်တင်ရေး၌ စိုက်ပျိုးရေရရှိရေးသည် အရေးကြီး သဖြင့် ရေရရှိရေးနည်းလမ်း ၄ ခုဖြစ်သည့် မိုးကောင်းသောက်ရေ၊ ဆည်ရေ၊ မြစ်ချောင်းရေ၊ မြေအောက်ရေစသည်တို့ကို ဒေသအလိုက်ပေါင်းစပ်အသုံးပြုရမည်ဖြစ်။
- စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ၎င်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအတွက် ရင်းနှီး မြှုပ်နှံငွေနှင့် အခြားလိုအပ်ချက်များရှိပါက နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားသွန်ခွန်စိုက် ဆောင် ရွက်ရန်လို။
- နိုင်ငံ့ဝန်ထမ်းများအတွက် လက်ရှိလစဉ်ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး တစ်လကျပ် ၃၀,၀၀၀ အပြင် ထပ်မံပြီးကျပ် ၃၀,၀၀၀ ကို အပို ထောက်ပံ့ကြေးအဖြစ် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ ထပ်မံတိုးမြှင့် ခံစားခွင့်ပြုခဲ့သည့်အပြင် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး လက်ရှိပင်စင်ခံစားနေကြသည့် နိုင်ငံ့ ဝန်ထမ်းအငြိမ်းစားများအတွက်လည်း အပိုထောက်ပံ့ကြေး အဖြစ် တစ်လ ကျပ် ၃၀,၀၀၀ ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှစ၍ လစဉ်ခံစားခွင့်ပြု ပေးခဲ့။
- ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် သတ်မှတ် ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီး အောင် ဆောင်ရွက်ပေးကြရန်၊ နိုင်ငံ့ဘဏ္ဍာငွေများကို လေလွင့်ဆုံးရှုံးမှုမရှိအောင် ကြပ်မတ် ဆောင်ရွက်ပေးကြရန်လို။
Add new comment