(၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ကျင်းပပြု လုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စိန်ရတုအမျိုးသား စာပေဆုအထိမ်းအမှတ်ပြခန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် စိန်ရတု အမျိုးသားစာပေဆု အထိမ်းအမှတ်ပြခန်း ၂၀၂၃ ခုနှစ်အတွက် ဆုရရှိသူများ၏ အတ္ထုပတ္တိ၊ ဓာတ်ပုံ၊ ဆုရစာအုပ်များ၊ စာအုပ်စာစောင်များနှင့် စာပေဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုကြပါသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌-
- မြန်မာနိုင်ငံ၌ နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၁ ရက်တွင် မိမိနိုင်ငံနှင့် အများပြည်သူ တို့၏ ကောင်းကျိုးအဖြာဖြာကို စာပေကလောင်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် စာပေ ပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ စာပေဂုဏ်ကျေးဇူးကို လေးမြတ်ဂုဏ်ပြုလျက် စာဆိုတော်နေ့အခမ်းအနားကို ၁၉၄၄ ခုနှစ်မှစတင်ပြီး မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ တစ်ခုအဖြစ် ကျင်းပလာကြခြင်းဖြစ်ကြောင်း။
- စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းကိုထင်ဟပ်နေခြင်းဖြစ်သဖြင့် မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ စာပေနှင့်ပတ်သက်သည့် အစဉ်အလာကောင်းများကို စာပေ ပညာရှင်များ၊ စာပေကိုတန်ဖိုးထားသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် မျိုးဆက်သစ် များက ဆက်လက်ပြီး လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်ကြရန်လည်း မှာကြားလို ကြောင်း။
- နိုင်ငံနှင့် ပြည်သူများ၏ကောင်းကျိုးအတွက် အားထုတ်ရေးဖွဲ့ထုတ်ဝေခဲ့ကြသည့် စာဆို ကြီးများ၏ စာကောင်းပေမွန်လက်ရာများကို နိုင်ငံတော်အဆင့် အမျိုးသားစာပေဆု အဖြစ် ရွေးချယ်ပြီး စာဆိုတော်နေ့ရောက်တိုင်း နှစ်စဉ်ချီးမြှောက်ဂုဏ်ပြုခြင်းသည် နိုင်ငံ၏ ကောင်းမြတ်သည့် အစဉ်အလာပင်ဖြစ်ပြီး ထိုအစဉ်အလာကောင်းကို ၁၉၄၈ ခုနှစ်က စတင်ကျင်းပခဲ့သည်မှာ ယခုဆိုပါက (၇၅) ကြိမ်မြောက် စိန်ရတုသက်တမ်းသို့ ရောက်ခဲ့ပြီ ဖြစ်ကြောင်း။
- နိုင်ငံတော်၏ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လတွင်တည်ထောင်ခဲ့သည့် စာပေဗိမာန်သည် တိုင်းရင်းသားပြည်သူများ နိုင်ငံတကာဗဟုသုတတိုးပွားရေးအတွက် ဘာသာပြန်စာပေများ ထုတ်ဝေခဲ့သကဲ့သို့ မြန်မာစာပေဖွံ့ဖြိုးရေးအတွက် ၁၉၄၈ ခုနှစ်တွင် “စာပေဗိမာန်ကာလပေါ် ဝတ္ထုဆု” ကို စတင်ချီးမြှင့်ခဲ့ကြောင်း။
- “စာပေဗိမာန်ကာလပေါ်ဝတ္ထုဆု” ကို “စာပေဗိမာန်ဆု”၊ “အနုပညာ စာပေဆိုင်ရာဆု”၊ “အမျိုးသားစာပေဆု” စသည်ဖြင့် ဆုအမည်ကို အဆင့်ဆင့်ပြောင်းလဲခဲ့ပြီး ဆုချီးမြှင့်မည့် ဘာသာရပ်များ၊ ဆုငွေများကိုလည်း အခါအားလျော်စွာ တိုးချဲ့၊ တိုးတက်ချီးမြှင့်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေဆုတွင် ဆုချီးမြှင့်မည့် ဘာသာရပ်(၁၉)မျိုး အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း။
- အကြောင်းအမျိုးမျိုးကြောင့် ပုံနှိပ်ထုတ်ဝေခြင်း မပြုဖြစ်သေးသည့် ကလောင်ရှင်တို့၏ ကောင်းမွန်သည့်လက်ရာစာမူများကို စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချိနိုင်ရန် ရည်ရွယ်၍ “စာပေဗိမာန်စာမူဆု” ကိုလည်း နှစ်စဉ်ရွေးချယ် ချီးမြှင့်ပေးအပ်ခဲ့ရာ ယခုနှစ်အတွက် စာပေဗိမာန်စာမူဆုတွင် ဘာသာရပ် ၁၃ မျိုး ဆုချီးမြှင့်မည် ဖြစ်ကြောင်း။
- မိမိတို့ မြန်မာနိုင်ငံတွင် မြန်မာစာပေနှင့် နိုင်ငံနှင့်လူမျိုး အကျိုးကို တစ်သက်တာလုံး စာအုပ်စာပေများ အားထုတ်ရေးသားပြုစုခဲ့ပြီး ထူးချွန်ပြောင်မြောက်စွာ တာဝန်ကျေခဲ့ ကြသည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေ ဖြင့် “အမျိုးသားစာပေတစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်ကစပြီး နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့ ကြောင်း။
- ယခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ရာတွင် ၂၀၂၃ ခုနှစ်အတွင်း ပထမ အကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၁၀၅၀ အတွင်းမှ အမျိုးသားစာပေဆု အတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုးအနက် ဘာသာရပ် ၁၅ မျိုးကို ရွေးချယ်နိုင်ခဲ့ကြောင်း။
- စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင် စာမူ ၂၈၄ စောင်အတွင်းမှ ဘာသာရပ် ၁၃ မျိုးအနက် ဆုချီးမြှင့်ရန်ထိုက်တန်သည့် စာမူပေါင်း ၃၀ ကို ရွေးချယ်ခဲ့ပြီးဖြစ်သဖြင့် ယနေ့အခမ်း အနားတွင် ဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်း။
- အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့သည့် စာရေးသူများနှင့် စာအုပ်များ၊ စာမူ များကို ကြည့်မည်ဆိုပါကလည်း ကလောင်နု၊ ကလောင်လတ်၊ ကလောင်ရင့်များပါဝင်ပြီး ခေတ်အတွေး၊ ခေတ်အမြင်များကို ထင်ဟပ်ဖော်ကျူးပြီး စေတနာစိတ်နှင့် စာနာစိတ် ထားများ ပွားများစေနိုင်သည့် ရသစာပေများ၊ နိုင်ငံဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် ဖြည့်ဆည်းသင့်သည့် ပြည်တွင်းပြည်ပဆိုင်ရာ ခေတ်မီနည်းပညာများ၊ သိပ္ပံပညာရပ်များ ကို လူအများနားလည်လွယ်အောင် ရေးသားထားသည့် သုတစာပေများကို စာပေ အဆင့် အတန်းမီစွာ ရေးသားထားကြသည်ဟုဆု ရွေးချယ်ရေးအဖွဲ့က သုံးသပ်ထားကြောင်း။
- အမျိုးသားစာပေတစ်သက်တာဆုကို ချီးမြှင့်ရာတွင်လည်း စာပေပညာရှင်ကြီးများကို အလေးအမြတ်ထားသည့်အနေဖြင့် တစ်နှစ်ထက် တစ်နှစ်အရေအတွက်တိုး ချီးမြှင့်ရန် ဆောင်ရွက်ခဲ့ပြီး မိမိတို့တာဝန်ယူခဲ့သည့်ကာလတွင် တစ်နှစ်လျှင် (၄) ဦးအထိ ဂုဏ်ပြု ချီးမြှင့်ခဲ့ရာ ယခုနှစ်တွင်လည်း စာပေပညာရှင်ကြီး (၆) ဦးအထိ ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်ကြောင်း။
- နိုင်ငံတော်အနေဖြင့်လည်း စာပေအနုပညာကဏ္ဍအသီးသီးမှ ပညာရှင်များ မိမိတို့၏ အနု ပညာကို အရည်အသွေးမြင့်မားစွာ၊ လွတ်လပ်စွာ ဖန်တီးပုံဖော်နိုင်ရေး တတ်စွမ်းသမျှ အားပေးကူညီ ဖြည့်ဆည်းပေးလျက်ရှိပြီး ယခုအခါ စာပေပညာရှင်များနှင့် စာပေလောက အကျိုးကို ဖြည့်ဆည်းပေးမည့် “စာဆိုဗိမာန်” အဆောက်အအုံကြီးကိုလည်း အိန္ဒိယနိုင်ငံ အစိုးရနှင့်ပူးပေါင်းပြီး အကောင်အထည် ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း။
- မိမိတို့နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုအရှိန်အဟုန်ကို သတင်းအတု အယောင် များ၊ အမုန်းစကားများ၊ ကျင့်ဝတ်သိက္ခာမဲ့ သတင်းအချက်အလက်များက ဟန့်တားဖျက် ဆီးလျက်ရှိသဖြင့် တိုင်းရင်းသားညီညွတ်မှုကိုလည်း ပျက်စီးစေနိုင်သကဲ့သို့ မိမိတို့အားလုံး မျှော်မှန်းထားသည့် ငြိမ်းချမ်းရေးပန်းတိုင်ကိုလည်း အနှောင့်အယှက် ဖြစ်စေကြောင်း။
- အသိ ပညာ၊ အတတ်ပညာ ကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက် လာစေရေးနှင့် အသိပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို ပုံဖော်တည် ဆောက်ပေးရန်လိုပြီး ထိုသို့တည်ဆောက်ရာတွင် စာအုပ်စာပေများ၏ အသိပညာပေးမှု၊ လမ်းညွှန်မှုများက သာယာဝပြောသည့် လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပေါ်လာစေရေးကို များစွာအထောက်အကူ ပြုနိုင်မည်ဟု ယုံကြည်ကြောင်း။
- မျိုးဆက်သစ် ကလောင်ရှင်များကလည်း စာပေဆိုင်ရာ ကျင့်ဝတ်၊ နီတိများကို ထိန်းသိမ်း ပြီး ခေတ်ကိုထင်ဟပ်စေသည့်၊ အမျိုးဘာသာသာသနာ ကောင်းကျိုးသယ်ပိုးဆောင် ရွက်နိုင်သည့်၊ နိုင်ငံ့ပုံရိပ်ကို မြှင့်တင်နိုင်သည့်၊ စာဖတ်ပရိသတ်အတွက် စာဖတ်မှုအရည် အသွေး တိုးမြှင့်စေပြီး ကောင်းကျိုးပြုစေသည့် စာကောင်းပေမွန်များကို ရေးသားဖွဲ့ဆိုနိုင် ကြပါစေဟု ဆန္ဒပြုတိုက်တွန်းမှာကြားလိုကြောင်းဖြင့်ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ၂၀၂၃ ခုနှစ်၊ အမျိုးသားစာပေတစ်သက်တာဆုရရှိကြသည့် စာပေပညာရှင် ဆရာကြီး ဒေါက်တာမင်းတင်မွန် (ပါရဂူမင်းနန္ဒာ)အပါအဝင် စာပေပညာရှင်ဆရာကြီးများကို ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီးနောက် တာဝန်ရှိသူများက အမျိုးသား စာပေဆု ရရှိသူများနှင့် စာပေဗိမာန်စာမူဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်အတွက် အမျိုးသား စာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရရှိခဲ့ကြသူများ၊ အနုပညာ ရှင်များ၊ စာပေပညာရှင်များနှင့်အတူ ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံး ဆောင်ခဲ့ကြပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး နှင့်ဇနီး၊ ကောင်စီဝင် များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဆုရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ အနုပညာရှင်များ၊ စာပေဝါသနာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ဆုရရှိခဲ့ကြသူများ၊ အနုပညာရှင်များ၊ စာပေ ပညာရှင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁၂-၂၀၂၄)
- နိုင်ငံနှင့် ပြည်သူများ၏ကောင်းကျိုးအတွက် အားထုတ်ရေးဖွဲ့ထုတ်ဝေခဲ့ကြသည့် စာဆိုကြီး များ၏ စာကောင်းပေမွန်လက်ရာများကို နိုင်ငံတော်အဆင့် အမျိုးသားစာပေဆုအဖြစ် ရွေး ချယ်ပြီး စာဆိုတော်နေ့ရောက်တိုင်း နှစ်စဉ်ချီးမြှောက်ဂုဏ်ပြုခြင်းသည် နိုင်ငံ၏ ကောင်းမြတ် သည့် အစဉ်အလာပင်ဖြစ်ပြီး ယခု (၇၅) ကြိမ်မြောက် စိန်ရတုသက်တမ်းသို့ ရောက်ခဲ့ပြီဖြစ်။
- ယခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ရာတွင် ၂၀၂၃ ခုနှစ်အတွင်း ပထမ အကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၁၀၅၀ အတွင်းမှ အမျိုးသားစာပေဆုအတွက် သတ်မှတ် ထားသည့် ဘာသာရပ် ၁၉ မျိုးအနက် ဘာသာရပ် ၁၅ မျိုးကို ရွေးချယ်နိုင်ခဲ့။
- စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင် စာမူ ၂၈၄ စောင်အတွင်းမှ ဘာသာရပ် ၁၃ မျိုးအနက် ဆုချီးမြှင့်ရန်ထိုက်တန်သည့် စာမူပေါင်း ၃၀ ကို ရွေးချယ်ခဲ့ပြီးဖြစ်သဖြင့် ယနေ့အခမ်းအနား တွင် ဆုများချီးမြှင့်သွားမည်ဖြစ်။
- အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုရရှိခဲ့သည့် စာရေးသူများနှင့် စာအုပ်များ၊ စာမူ များကို ကြည့်မည်ဆိုပါကလည်း ကလောင်နု၊ ကလောင်လတ်၊ ကလောင်ရင့်များ ပါဝင်ပြီး ခေတ်အတွေး၊ ခေတ်အမြင်များကို ထင်ဟပ်ဖော်ကျူးကာ စေတနာစိတ်နှင့် စာနာစိတ်ထားများ ပွားများစေနိုင်သည့် ရသစာပေများ၊ နိုင်ငံဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအတွက် ဖြည့်ဆည်းသင့် သည့် ပြည်တွင်းပြည်ပဆိုင်ရာ ခေတ်မီနည်းပညာများ၊ သိပ္ပံပညာရပ်များကို လူအများ နား လည်လွယ်အောင် ရေးသားထားသည့် သုတစာပေများကို စာပေအဆင့်အတန်းမီစွာ ရေးသား ထားကြသည်ဟုဆု ရွေးချယ်ရေးအဖွဲ့က သုံးသပ်ထား။
- စာပေပညာရှင်များနှင့် စာပေလောကအကျိုးကို ဖြည့်ဆည်းပေးမည့် “စာဆိုဗိမာန်” အဆောက် အအုံကြီးကိုလည်း အိန္ဒိယနိုင်ငံအစိုးရနှင့်ပူးပေါင်းပြီး အကောင်အထည် ဖော်ဆောင်ရွက်နေ ပြီဖြစ်။
Add new comment