(၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

    (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ()ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးတို့ကို နိုဝင်ဘာလ ၃၀ ရက်တွင် နေပြည်တော်ရှိ MGallery ဟိုတယ်၌ ကျင်းပပြုလုပ်ရာ အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ လူငယ်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် In-person/Virtual စနစ်များဖြင့် တက်ရောက် ခဲ့ပါသည်။

အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး၏ ဥက္ကဋ္ဌက-

  • (၁၃)ကြိမ်မြောက် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးတွင် အာဆီယံ လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးခေါင်းဆောင်များအနေဖြင့် မျိုးဆက်သစ် လူငယ်များ၏ အလားအလာကောင်းများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မိမိတို့၏ အား ကောင်းခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများကို ရေရှည်တည်တံ့အောင်‌ ဆောင်ရွက် သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့။
  • ()ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်၊ အစီအစဉ်အသစ်များနှင့်အညီ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြု၍ ပိုမိုအားကောင်းသည့် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို ဖန်တီးနိုင်မည့် အကြံပြုချက်များကို မျှဝေဆွေးနွေးပေးသွားရန်လိုကြောင်း ပြောကြား ခဲ့။

(၁၂)ကြိမ်မြောက် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးများ၏ အစီရင်ခံစာများကို ဖတ်ကြားတင်ပြခြင်း၊ အာဆီယံအပေါင်း ၃ နိုင်ငံများက မြန်မာ နိုင်ငံ၏ ဥက္ကဋ္ဌဆောင်ပုဒ်ဖြစ်သည့် သဟဇာတဖြစ်တဲ့ အာဆီယံလူ့အဖွဲ့အစည်းတစ်ခုကို လူငယ် တွေရဲ့အင်အားနဲ့ ဖန်တီးဖော်ဆောင်သွားကြပါစို့နှင့်စပ်လျဉ်း၍ လူငယ်ဆိုင်ရာဝန်ကြီးများက နိုင်ငံ အလိုက် ဆွေးနွေးပြောကြားခြင်း၊ အစည်းအဝေးများ၏ ဝန်ကြီးများအဆင့် ပူးတွဲထုတ်ပြန်ချက် များကို အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးများအပြီးတွင် မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေး၏ ဥက္ကဋ္ဌတာဝန်များကို ဖိလစ်ပိုင်နိုင်ငံသို့ လည်းကောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိသည့် အာဆီယံအပေါင်း ၃ လူငယ်ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၏ ဥက္ကဋ္ဌတာဝန် များကို ဖိလစ်ပိုင်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သို့လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။                                                                                                                                                                                                                                                               

သတင်းရင်းမြစ်။(မြဝတီသတင်းစာ -၁၂-၂၀၂၄)

  • အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးခေါင်းဆောင်များအနေဖြင့် မျိုးဆက် သစ်လူငယ်များ၏ အလားအလာကောင်းများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် မိမိတို့၏ အား ကောင်းခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများကို ရေရှည်တည်တံ့အောင် ဆောင်ရွက်သွားရန်လို။

 

 

Add new comment