၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ နိုဝင်ဘာလ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ရာ-
- ပြပွဲတွင် ပုလဲအတွဲပေါင်း ၂၈၀ အနက်မှ ပုလဲအတွဲပေါင်း ၂၀၈ တွဲကိုလည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ အနက်မှ ကျောက်မျက်အတွဲပေါင်း ၆၂ တွဲကိုလည်းကောင်း၊ အုပ်စု(အေနှင့်ဘီ) တို့မှ ကျောက်စိမ်းအတွဲပေါင်း ၂၅၅၉ တွဲအနက်မှ ကျောက်စိမ်းအတွဲပေါင်း ၁၈၂၃ တွဲကိုလည်းကောင်း၊ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၂၂၄၁ တွဲအနက်မှ ကျောက် စိမ်းအတွဲပေါင်း ၂၁၄၃ တွဲကိုလည်းကောင်း ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့။
၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများရရှိစေရန်၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ တို့ရှိ ကျောက်စိမ်းအချောထည်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော MSME လုပ်ငန်းများအတွက် ကုန်ကြမ်းရရှိစေရန် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် နိုဝင်ဘာလ ၁၈ ရက်မှ ၂၇ ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁၁-၂၀၂၄)
- ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၂၈၀ အနက်မှ ပုလဲ အတွဲပေါင်း ၂၀၈ တွဲကိုလည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ အနက်မှ ကျောက်မျက် အတွဲပေါင်း ၆၂ တွဲကိုလည်းကောင်း၊ အုပ်စု(အေနှင့်ဘီ) တို့မှ ကျောက်စိမ်းအတွဲပေါင်း ၂၅၅၉ တွဲအနက်မှ ကျောက်စိမ်းအတွဲပေါင်း ၁၈၂၃ တွဲကိုလည်းကောင်း၊ အုပ်စု(စီ)မှ ကျောက်စိမ်း အတွဲပေါင်း ၂၂၄၁ တွဲအနက်မှ ကျောက်စိမ်းအတွဲပေါင်း ၂၁၄၃ တွဲကိုလည်းကောင်း ပြည် တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့။
Add new comment