တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဇန်နဝါရီလ ၂၆ ရက်၌ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်သော အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့ တပ်မတော်အား ထောက်ခံကြောင်းနှင့် အကြမ်းဖက်အဖွဲ့များအား ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ရာ-
- “တိုင်းပြည် အေးချမ်းသာယာဖို့ တပ်မတော်ကိုထောက်ခံကြပါစို့၊ NUG၊ CRPH၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအားတိုက်ဖျက်ကြ၊ မြန်မာ့တပ်မတော်သည် ပြည်ထောင် စုဖွားတိုင်းရင်းသားများအားလုံး စုပေါင်းပါဝင်သောတပ်မတော်ဖြစ်သည်၊ ပြည်ပအားကိုး ပုဆိန်ရိုး၊ အဆိုးမြင်များအား အလိုမရှိ” စသည့် စာသားပါ ဆိုင်းဘုတ်များ အား ကိုင်ဆောင်ကြွေးကြော်ခဲ့။
NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း၊ ပုံစံမျိုးစုံဖြင့်သွေးထိုးလှုံ့ဆော်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိပြီး အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို ရွံရှာစက်ဆုပ်ကြသည့် ပြည်သူလူထုက ယင်းလုပ်ရပ်များကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ဆက်လက် ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။
- NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၌ မိုင်းထောင်ဖောက်ခွဲ မီးရှို့ ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်း၊ ပုံစံမျိုးစုံဖြင့်သွေးထိုးလှုံ့ဆော်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိ။
- အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်သော ပြည်သူများက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြန်မာ့တပ်မတော်အား ထောက်ခံကြောင်းနှင့် အကြမ်းဖက်အဖွဲ့များကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့။
Add new comment