တန်ဆောင်တိုင်ပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ မြို့နယ်အသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ-
- နိုဝင်ဘာလ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ တန်ဆောင် တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့။
- နိုဝင်ဘာလ ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့မဟာ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲအား ရွှေမော်ဓောဘုရားလမ်း ယာဉ်ရပ်နားကွင်း၌ ကျင်းပခဲ့ရာ “ပဲခူး” ဟု စာတန်းဖော်ထားသည့် ရောင်စုံမီးပုံးပျံအသေး ၁,၅၀၀ နှင့် မီးပုံးပျံ အကြီး ၆ လုံးတို့အား စတင်၍ လွှတ်တင်ပူဇော်ခဲ့။
- နိုဝင်ဘာလ ၁၅ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်၌ တန်ဆောင်တိုင်ပွဲတော်နှင့် MSME ဈေးရောင်းပွဲတော်တွင် နွားလှည်းယည်ကြော့ အစီးပေါင်း ၃၀ စီး ပါဝင်ယှဉ်ပြိုင်ခြင်း၊ မီးပုံးပျံ အလုံး ၃၅၀ နှင့် မီးရှူးမီးပန်းများလွှတ်တင်ခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကြည်ရှုသူစုစုပေါင်း ငါးထောင်ကျော်ဖြင့် ပျော်ရွှင်အေးချမ်း စွာ ကျင်းပခဲ့။
- ပြည်သူများအနေဖြင့် ဒေသထွက်လက်ဆောင်အဖြစ် ဝယ်ယူနိုင်ရန်အတွက် MSME လုပ်ငန်း များ၏ ဒေသထွက်ကုန်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၊ မြန်မာ့ရိုးရာ အစားအစာအရောင်းဆိုင်များ ဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဘုရားဖူးပြည်သူများ ကြိတ်ကြိတ်တိုး ဝယ်ယူခဲ့။
တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း MSME ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ လူသုံးကုန် အရောင်းဆိုင်များ၊ မုန့်ဈေးတန်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ တေးဂီတဖျော်ဖြေခြင်းများ၊ ကလေး ကစားကွင်းများ၊ အလှဓာတ်ပုံရိုက်ရန် Photo Booth များတွင် ပဲခူးတန်ဆောင်တိုင်မီးပုံးပျံပွဲသို့ လာရောက်လည်ပတ်သူများဖြင့် စည်ကားများပြား လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၁၁-၂၀၂၄)
- တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်တို့၌ MSME ထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ လူသုံးကုန် အရောင်းဆိုင်များ၊ မုန့်ဈေးတန်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ တေးဂီတဖျော်ဖြေခြင်းများ၊ ကလေး ကစားကွင်းများ၊ အလှဓာတ်ပုံရိုက်ရန် Photo Booth များတွင် ပဲခူးတန်ဆောင်တိုင်မီးပုံးပျံပွဲသို့ လာရောက်လည်ပတ်သူများဖြင့် စည်ကားများပြားလျက်ရှိ။
Add new comment