တရုတ်နိုင်ငံကူမင်းမြို့နှင့် ချူရှုံ့ပြည်နယ်ခွဲတို့သို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ လေ့လာရေးခရီးစဉ် သွားရောက်

 

          ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်မှ ၁၅ ရက်အထိကျင်းပသည့် တရုတ် - မြန်မာယဉ်ကျေးမှု ဖလှယ်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ယူနန်ပြည်နယ်ကောင်စစ်ဝန် ဦးသွင်ထက်လင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ တရုတ်နိုင်ငံ ကူမင်းမြို့နှင့် ချူရှုံ့ပြည်နယ်ခွဲများသို့ လေ့လာရေးခရီးစဉ် သွားရောက်ခဲ့ကြပါသည်-

  • နိုဝင်ဘာလ ၁၂ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့ရှိ ယူနန်ပြည်နယ် သယ်ယူပို့ဆောင်ရေးနှင့် သက်မွေးပညာ လူငယ်သင်တန်းကျောင်း ဒီဂရီကောလိပ်သို့ သွားရောက်လေ့လာခဲ့။
  • နိုဝင်ဘာလ ၁၃ ရက်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယူနန်ပြည်နယ်၊ ချူရှုံ့ပြည်နယ်ခွဲ ယောင်အန်းခရိုင်ရှိ “အရှေ့တိုင်း နှင်းဆီတောင်ကြား” လယ်ယာစိုက်ပျိုးရေး ဥယျာဉ်သို့ သွားရောက်၍ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှု၊ ခေတ်မီစက်မှု လယ်ယာစိုက်ပျိုးရေးစနစ် ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် ချေးငွေ များထုတ်ပေးပြီး မတည်ဆောင်ရွက်ပေးမှု အခြေအနေများ ရှင်းလင်းပြသမှုကို ကြည့်ရှု လေ့လာခဲ့။
  • နိုဝင်ဘာ ၁၄ ရက်တွင်  ချူရှုံ့ပြည်နယ်ခွဲရှိ ရွှမ်းပေါ်ခရိုင် မီဒီယာစင်တာ၊ ချားမူ သဘာဝ အပန်းဖြေပန်းဥယျာဉ် ၊ ရင်ပြင်၊ ချုံရှု့မြို့ရှိ တရုတ်-ယွီ တိုင်းသားရိုးရာ ချည်ထိုးလုပ်ငန်း စင်တာနှင့် ကူမင်းမြို့ရှိ ထရန်းချီတောင်ပေါ်ရေကန် အပန်းဖြေကမ်းခြေများသို့ သွားရောက် လေ့လာခဲ့။

          ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကွမ်းလုရှေးမြို့ဟောင်း ယဉ်ကျေးမှုနယ်မြေသို့ သွားရောက်ပြီး ရှေးဟောင်းအမွေအနှစ် အဆောက်အဦများနှင့် အသုံးအဆောင်များထိန်းသိမ်း ထားရှိမှု၊ ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးစေရန် စီစဉ်ဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုလေ့လာခဲ့ကြောင်းနှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကူမင်းလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ကြရာ နိုဝင်ဘာလ ၁၅ ရက်တွင်   ရန်ကုန်မြိုသို့ ပြန်လည်ရောက် ရှိခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၁၁-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့ရှိ ယူနန်ပြည်နယ် သယ်ယူပို့ဆောင်ရေးနှင့် သက်မွေးပညာ လူငယ်သင်တန်း ကျောင်း ဒီဂရီကောလိပ်သို့လည်းကောင်း၊ ယူနန်ပြည်နယ်၊ ချူရှုံ့ပြည်နယ်ခွဲ ယောင်အန်း ခရိုင်ရှိ “အရှေ့တိုင်းနှင်းဆီတောင်ကြား လယ်ယာစိုက်ပျိုးရေး ဥယျာဉ်သို့လည်းကောင်း၊ ကွမ်းလု ရှေးမြို့ဟောင်း ယဉ်ကျေးမှုနယ်မြေသို့လည်းကောင်း၊ ချူရှုံ့ပြည်နယ်ခွဲရှိ ရွှမ်းပေါ် ခရိုင် မီဒီယာစင်တာ၊ ချားမူ သဘာဝ အပန်းဖြေပန်းဥယျာဉ် ၊ ရင်ပြင်၊ ချုံရှု့မြို့ရှိ တရုတ်-ယွီ တိုင်းသားရိုးရာ ချည်ထိုးလုပ်ငန်း စင်တာနှင့် ကူမင်းမြို့ရှိ ထရန်းချီတောင်ပေါ်ရေကန် အပန်းဖြေကမ်းခြေများသို့လည်းကာင်း သွား‌ရောက်လေ့လာခဲ့။

 

Add new comment