စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် နိုဝင်ဘာလ ၁၁ ရက်တွင် ပေကျင်းမြို့ရှိ China National Petroleum Corporation (CNPC) ၏ ဧည့်ခန်းမဆောင်၌ CNPC ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံစဉ်-
- မြန်မာနှင့် တရုတ်နှစ်နိုင်ငံလုံးသည် သဘာဝဓာတ်ငွေ့လိုအပ်ချက်များရှိနေ၍ မြန်မာနိုင်ငံ တွင် LNG Terminal တည်ဆောက်ပြီး ရရှိလာမည့်သဘာဝ ဓာတ်ငွေ့ကို မျှဝေသုံးစွဲနိုင်ရန် အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ။
- မြန်မာနိုင်ငံ၏ အလားအလာကောင်းသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းများ၊ ပိုက်လိုင်း များ တည်ဆောက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ရေနံချက်စက်ရုံနှင့် ဓာတ်မြေ ဩဇာစက်ရုံများ အဆင့်မြှင့်တင်ခြင်း၊ အသစ် တည်ဆောက်ခြင်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ နှစ်ဦးနှစ်ဘက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၁၂ ရက်တွင် ပေကျင်းမြို့ရှိ အမျိုးသားစွမ်းအင် အုပ်ချုပ်မှုအဖွဲ့ (National Energy Administration (NEA))၏ အစည်းအဝေးခန်းမဆောင်၌ ဒုတိယ အကြီးအကဲဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံစဉ်-
- နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာမူဝါဒများ၊ မဟာဗျူဟာများ၊ စွမ်းအင်ဖူလုံမှုနှင့် လုံခြုံမှုအတွက် နှစ်နိုင်ငံဆောင်ရွက်နေသည့် အခြေအနေများ၊ Green Energy နှင့် New Energy များအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ပေးနိုင်မည့် အခြေ အနေများ။
- တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍတွင် အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိကဒေသတို့နှင့် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အချက် အခြာကျသည့် အားသာချက်ကိုရယူ၍ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေး ခဲ့ကြပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၁၄ ရက်တွင် ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ် ရေးမှူးနှင့် တွေ့ဆုံစဉ်-
- မြန်မာ - တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြင့် ပို့လွှတ်သည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကို ယူနန်ပြည်နယ်တွင် အသုံးပြုနေမှုများနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များ။
- ယူနန်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်များကို မြန်မာနိုင်ငံ၏အလားအလာကောင်းများရှိ နေသော စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လာရောက်ဆောင်ရွက်ရန် တိုက်တွန်း ပေးစေလိုသည့်ကိစ္စရပ်များ။
- တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပရန် ဆောင်ရွက်နေသည့် အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာကုန်စည်ပြပွဲနှင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖိတ်ခေါ်သည့်ဖိုရမ်တွင် ပူးပေါင်းဆောင် ရွက်ရန်ကိစ္စရပ်များနှင့် ယူနန်ပြည်နယ် အစိုးရအနေဖြင့် ရန်ကုန်နှင့် မန္တလေးတို့တွင် Solar လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရာတွင် Grant Aid အဖြစ် ထောက်ပံ့ကူညီ ပေးလိုသည့်ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ-တရုတ်ပိုက်လိုင်းများမှ ရယူထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ဆောင်ရွက်နေသော ယူနန်ပြည်နယ်ရှိ PETROCHINA YUNNAN PETROCHEMICAL COMPANY ၏ ရေနံချက်စက်ရုံသို့ သွားရောက်လေ့လာခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးက နည်းပညာဆိုင်ရာ အချက်အလက်များ၊ စာတွေ့လက်တွေ့သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးနိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၁၁-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံပိုင်စွမ်းအင်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တွေ့ဆုံစဉ် မြန်မာနှင့် တရုတ်နှစ်နိုင်ငံလုံးသည် သဘာဝ ဓာတ်ငွေ့လိုအပ်ချက်များရှိနေ၍ မြန်မာနိုင်ငံ တွင် LNG Terminal တည်ဆောက်ပြီး ရရှိလာ မည့်သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ များနှင့် Green Energy နှင့် New Energy များအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ။
- မြန်မာ - တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြင့် ပို့လွှတ်သည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကို ယူနန်ပြည်နယ်တွင် အသုံးပြုနေမှုများနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ။
- တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပရန် ဆောင် ရွက်နေသည့် အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာကုန်စည်ပြပွဲနှင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖိတ်ခေါ်သည့်ဖိုရမ်တွင် ပူးပေါင်းဆောင် ရွက်ရန်ကိစ္စရပ်များနှင့် ယူနန်ပြည်နယ် အစိုးရအနေဖြင့် ရန်ကုန်နှင့် မန္တလေးတို့တွင် Solar လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရာတွင် Grant Aid အဖြစ် ထောက်ပံ့ကူညီ ပေးလိုသည့်ကိစ္စရပ်များ ဆွေးနွေးခဲ့။
Add new comment