နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ် အစိုးရဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုဝင်ဘာလ ၁၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် -

  • နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက် ရှိမှု အခြေအနေများနှင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်လျက်ရှိမှု အခြေအနေများ။
  • ဆီထွက်သီးနှံဖြစ်သည့် နေကြာစိုက်ပျိုးမှုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်တောထွက်ပစ္စည်းများဖြင့် သစ်ပါးလွှာ နှင့် ပျော့ဖတ်များ ထုတ်လုပ်နိုင်သည့်အခြေအနေများ။
  • ရာဘာစိုက်ပျိုး ထုတ်လုပ်မှုနှင့် ဝါစိုက်ပျိုးမှုတိုးတက် ထုတ်လုပ်နိုင်ရေးနှင့် ကုန်ကြမ်းများ ကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေများနှင့် စက်မှုကုန် ထုတ်လုပ်ငန်းများတွင် နည်းပညာမြှင့်တင်မှုများ ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ။
  • ခရီးသွားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် တိုက်ရိုက်လေကြောင်းပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ်များ။
  • လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတော်သင်များစေလွှတ်ရေးနှင့် ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ။
  • ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြှင့်တင်ဆောင်ရွက်နိုင်သည့် ကိစ္စ ရပ်များနှင့် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာများတွင် အပြန်အလှန်ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ။
  • မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုအခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရား ပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ်အစိုးရ ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ၊ ဘူရားတီးရားပြည်နယ် ဒုတိယအကြီးအကဲ၊ ကျန်းမာ‌ရေး ဝန်ကြီး Mrs. Ludupova Evgeniia Iurevne နှင့်ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၁၁-၂၀၂၄)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ၊ ဘူရားတီးရားပြည်နယ် အစိုးရ ဥက္ကဋ္ဌ H.E. Mr. Tsydenov Alekesei Sambuevich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့်ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ ခရီးသွား ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် တိုက်ရိုက် လေကြောင်းပျံသန်းမှုများ တိုးချဲ့ဆောင်ရွက်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

 

Add new comment