ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာ အာလဆန် ကွန်တဲအား နယူး ဒေလီမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်း ခံရသော ဂီနီသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ဂီနီသမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို သဘောတူခဲ့ပါသည်။
မစ္စတာ အာလဆန် ကွန်တဲသည် ၁၉၉၃ ခုနှစ် မှ ၂၀၀၃ ခုနှစ်အထိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် အလုပ်သင်အဖြစ်လည်းကောင်း၊ ၂၀၀၄ ခုနှစ် မေလမှ ၂၀၀၉ ခုနှစ် မေလအထိ နိုင်ငံခြားရေးဝန်ကြီးဌာန အလုပ်သမားသမဂ္ဂဗျူရိုတွင် အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၀၉ ခုနှစ် သြဂုတ်လမှ ၂၀၁၃ ခုနှစ် မတ်လအထိ နိုင်ငံခြားရေးဝန်ကြီးဌာန ဥပဒေနှင့် ကောင်စစ်ရေးရာဦးစီးဌာန သဘောတူစာချုပ်နှင့် ဥပဒေစာချုပ်များရေးရာဌာနတွင် ဌာနမှူးအဖြစ် လည်းကောင်း၊ ပြည်ပတာဝန်ထမ်းဆောင်မှုများအဖြစ် ၂၀၁၃ ခုနှစ် မတ်လမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ နယူးယောက်မြို့ ဂီနီအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် စီးပွားရေးနှင့် ဥပဒေသံမှူးအဖြစ်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် ဧပြီလအထိ နယူးယောက်မြို့ ဂီနီအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် သံမှူးကြီးအဖြစ်လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် မေလမှ ယနေ့အထိ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာ ကုန်လွှဲအပ်ခြင်းခံရသော ဂီနီသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၁၀-၂၀၂၄)
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာ အာလဆန် ကွန်တဲအား နယူးဒေလီမြို့အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ် ခြင်းခံရသော ဂီနီသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် ဂီနီသမ္မတနိုင်ငံအစိုးရ၏ အဆိုပြုချက်ကို သဘောတူခဲ့။
Add new comment