လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာလ ၂၃ ရက်တွင် ဝေါ မြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်လမြိုင်-မန္တလေး ခရီးသည်တင် မှန်လုံယာဉ်ကို သတင်းအရရှာဖွေခဲ့ရာ ယာဉ်ပေါ်ပါခရီးသည် ကိုကိုနိုင်(ခ)ကိုနိုင်အား အကြမ်းဖက်သမားများအား ထောက်ပံ့ရန် တရားမဝင်သယ်ဆောင်လာသည့် ပစ္စတိုသေနတ် ၁၆ လက်နှင့် ကျည်မျိုးစုံ ၅၃၀ တောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ဖော်ထုတ်ချက်အရ အောက်တိုဘာလ ၂၄ ရက်တွင် ပူးပေါင်းအဖွဲ့သည် လက်နက်ခဲယမ်း များအား လက်ခံ၍ စစ်ကိုင်းတိုင်းဒေသကြီးသို့ ဆက်လက်သယ်ဆောင်မည့် အောင်ဇင်သူအား မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်၊ ၃၈ x ၈၅ လမ်းတွင် ဆက်လက်ဖမ်းဆီး ရမိခဲ့ကြောင်းနှင့် အဆိုပါလက်နက်ခဲယမ်းများအား ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၁၀-၂၀၂၄)
- မော်လမြိုင်-မန္တလေး ခရီးသည်တင် မှန်လုံယာဉ်ပေါ်ပါ ခရီးသည် ကိုကိုနိုင်(ခ)ကိုနိုင်အား အကြမ်းဖက်သမားများအား ထောက်ပံ့ရန် တရားမဝင်သယ်ဆောင်လာသည့် ပစ္စတိုသေနတ် ၁၆ လက်နှင့် ကျည်မျိုးစုံ ၅၃၀ တောင့် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
Add new comment