ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ ၂၀၂၃-၂၀၂၄ ပညာသင် နှစ် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၆ ဦးအား အောက်တိုဘာလ ၁ ရက်တွင် ပထမနှစ် အခြေခံစစ်ပညာသင်တန်း ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ပြီး အောက်တိုဘာလ ၃၀ ရက်တွင် သင်တန်းဆင်းပွဲကို အနောက်တောင်တိုင်းစစ်ဌာနချုပ် နယ်မြေခံသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မိုးရာသီစခန်းချ လေ့ကျင့် ရေးသင်တန်းအတွက် အမှတ်တရလက်ဆောင်ပစ္စည်း၊ ဆုတံဆိပ်ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူ များအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများနှင့် ဆုရရှိကြသူများမှ အသီးသီး လက်ခံရယူကြပါသည်။
အဆိုပါသင်တန်းကာလများတွင် ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ လက်နက်ငယ်ဘာသာ ရပ်၊ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် (တပ်စိတ်)၊ စစ်မြေပြင် အင်ဂျင်နီယာဘာသာရပ်၊ ကျန်းမာရေးနှင့် ရှေးဦးသူနာပြုစုနည်းဘာသာရပ်များနှင့် စက်ပစ်ကွင်း လက်တွေ့ပစ်ခတ်ခြင်းသင်ခန်းစာများအား လေ့ကျင့်သင်ကြားပေးခြင်းအပြင် အထွေထွေဗဟုသုတ ရရှိစေရေးအတွက် ပြင်ပလေ့လာရေးခရီးစဉ်များကိုလည်း လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၁၀-၂၀၂၄)
ပုသိမ်မြို့ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ပြီး တာဝန်ရှိသူများက မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်းအတွက် အမှတ်တရလက်ဆောင်ပစ္စည်း၊ ဆုတံဆိပ်ရရှိ ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့။
Add new comment