ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား အောက်တိုဘာလ ၁၁ ရက်တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီး ဌာနတို့၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
- ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ နိုင်ငံ၌ ICRC က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
- ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုကိစ္စရပ်များ၊ ခြေတုလက်တု ထုတ်လုပ်တပ်ဆင်ရေး အလုပ်ရုံများနှင့် ပြန်လည်သန်စွမ်းရေးဌာနများအား နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး၊ သင်တန်းပို့ချရေးနှင့် လူသားချင်းစာနာထောက် ထားမှု အကူအညီပေးရေးကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများနှင့် ICRC မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၁-၂၀၂၄)
ပြည်ထောင်စုဝန်ကြီးများ ICRC ၏ ဌာနေကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၌ ICRC က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ခြေတုလက်တုထုတ်လုပ် တပ် ဆင်ရေးအလုပ်ရုံများနှင့် ပြန်လည်သန်စွမ်းရေးဌာနများအား နည်းပညာပိုင်းဆိုင်ရာ အကူအ ညီပေးရေး၊ သင်တန်းပို့ချရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စရပ် များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့။
Add new comment