ပြည်ထောင်စုဝန်ကြီးများ ရုရှား-မြန်မာ စီးပွားရေးကောင်စီဥက္ကဋ္ဌ Mr. Aleksei SHUPLOV ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာ စီးပွားရေးကောင်စီ (Russian-Myanmar Business Council-RMBC) ဥက္ကဋ္ဌ Mr. Aleksei SHUPLOV ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာလ ၃၁ ရက်တွင်   နေပြည်တော်ရှိ သက်ဆိုင် ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံ စဉ် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအလားအလာများနှင့် လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံ နယ်ပယ်စုံ တွင် စီးပွားရေးလုပ်ငန်းများအချင်းချင်း တိုက်ရိုက်အဆက်အသွယ်များထူထောင်ရေးနှင့် မြန်မာ နိုင်ငံတွင် ရုရှား-မြန်မာ စီးပွားရေးကောင်စီ၏ မိတ်ဖက်အဖွဲ့အစည်း ဖွဲ့စည်းရေးတို့နှင့်စပ်လျဉ်း ၍ ဆွေးနွေးခဲ့။
  • ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား လူမှုရေး၊ စီးပွား ရေး၊ ယဉ်ကျေးမှုကဏ္ဍများတွင် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရန်နှင့် အနာဂတ်တွင် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလားအလာကောင်းများနှင့်ပတ်သက်၍ အပြန်အလှန်အကူအ ညီပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ရုရှားကိုယ်စားလှယ်အဖွဲ့က ရာဂိမုန်တိုင်း တိုက်ခတ်မှု ကြောင့် ဖြစ်ပွားခဲ့သည့် ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာသို့ ဆက်သွယ်လှူဒါန်းပေး ရန် အမေရိကန်ဒေါ်လာ ၅၀၀၀ ကို လှူဒါန်းခဲ့။

တွေ့ဆုံပွဲသို့ သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၁-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးများ ရုရှား-မြန်မာ စီးပွားရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအလားအလာများနှင့် လုပ်ငန်းစဉ် များ၊ နှစ်နိုင်ငံအကြား လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုကဏ္ဍများတွင် ရှေ့ဆက်လက်ဆောင် ရွက်သွားမည့်ကိစ္စရပ်များ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေး ကိစ္စများအား ဆွေးနွေးခဲ့။
  • ရုရှားကိုယ်စားလှယ်အဖွဲ့က ရာဂိမုန်တိုင်း တိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သည့် ရေဘေးသင့် ပြည်သူများအတွက် သက်ဆိုင်ရာသို့ ဆက်သွယ်လှူဒါန်းပေးရန် အမေရိကန်ဒေါ်လာ ၅၀၀၀ ကို လှူဒါန်းခဲ့။

Add new comment