နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၈/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာလ ၃၀ ရက်တွင် ကျင်းပခဲ့ပြီး ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း တိုးမြှင့်ခြင်းနှင့် လျှပ်စစ်သုံး မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းအပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှု ကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်ရှစ်ခုကို ခွင့်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၉ ဒသမ ၂၅၅ သန်းနှင့် ငွေကျပ် ၄၆၀၀၅ ဒသမ ၂၂၆ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၁၉၇၂ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ် နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြပါသည်။ စီးပွားရေးကဏ္ဍ ၁၂ ခု အနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍတွင် ၂၈ ဒသမ ၄၃ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် ၂၄ ဒသမ ၃၉ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၄ ဒသမ ၄၆ ရာခိုင်နှုန်း ဖြင့် အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၀-၂၀၂၄)
• မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၈/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးတွင် စက်မှု ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်ရှစ်ခုကို ခွင့်ပြုပေးခဲ့။
• လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၉ ဒသမ ၂၅၅ သန်းနှင့် ငွေကျပ် ၄၆၀၀၅ ဒသမ ၂၂၆ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့် အလမ်းပေါင်း ၁၉၇၂ ဦးကို ဖန်တီးပေးနိုင် မည်ဖြစ်။
• ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၃ ခု အနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ဖြစ်။
• စီးပွားရေးကဏ္ဍ ၁၂ ခု အနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ထားသည့် ကဏ္ဍ များမှာ စွမ်းအင်ကဏ္ဍတွင် ၂၈ ဒသမ ၄၃ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် ၂၄ ဒသမ ၃၉ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၄ ဒသမ ၄၆ ရာခိုင်နှုန်းဖြင့် အသီးသီး ရင်းနှီးမြှပ်နှံထား။
Add new comment