ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ် (၅) ရပ် အနက် အရေးကြီးဆုံးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) စနစ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် မဲပေးစက်အသုံးပြုခြင်း ဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) စနစ်ကိုအသုံးပြုမဲပေးခြင်းအားဖြင့်-
• မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေခြင်း မရှိတော့သည့်အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းများ ဖောင်းပွခြင်း၊ မဲလက်မှတ်များ ပိုမိုရိုက်နှိပ်ဖြန့်ဝေခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများတွင် ဥပဒေနှင့်မညီသော မဲပေးခြင်းစသည့် မဲမသမာမှု ဖြစ်ပွားစေသောအချက်များကို ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း။
• မဲစာရင်းပြုစုရာတွင် Admin DEO Software များဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု မဲရုံများ အလိုက် ပြုစုပြီး CVLMS Software ဖြင့် ဥပဒေနှင့်မညီညွတ်သူများ၊ မဲစာရင်းတွင် နှစ်ကြိမ်၊ သုံးကြိမ်ပါဝင်သူများ မပါရှိစေရေး စိစစ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရှိရ။
သင်တန်းတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုး သိမ်းဆည်းပုံတို့ကို လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပြသပေးမည်ဖြစ်ကြောင်းနှင့် မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းအမှတ်စဉ် (၆/၂၀၂၄) သို့ မန္တေလေးတိုင်းဒေသကြီးရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများမှ သင်တန်းသား ၃၂ ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၁-၁၀-၂၀၂၄)

• လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စနစ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် မဲပေးစက် အသုံးပြုခြင်း ဆိုင်ရာ နည်းပြဆရာဖြစ် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ။
• မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) စနစ်ကိုအသုံးပြုမဲပေးခြင်းအားဖြင့် မဲလက်မှတ် များ ရိုက်နှိပ်ဖြန့်ဝေခြင်း မရှိတော့သည့်အတွက် မဲမသမာမှု ဖြစ်ပွားစေသောအချက်များကို ရှောင် ရှားနိုင်မည်ဖြစ်သလို မဲစာရင်းပြုစုရာတွင် Admin DEO Software များဖြင့် ရပ်ကွက်၊ ကျေးရွာ အုပ်စု မဲရုံများအလိုက် ပြုစုပြီး CVLMS Software ဖြင့် ဥပဒေနှင့်မညီညွတ်သူများ၊ မဲစာရင်းတွင် နှစ်ကြိမ်၊ သုံးကြိမ်ပါဝင်သူများ မပါရှိစေရေး စိစစ်ဆောင်ရွက်နိုင်မည်ဖြစ်။

Add new comment