လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ စက်တင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ်အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဖိုရမ်သို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးသည်-
• စက်တင်ဘာလ ၂၆ ရက်၌ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာဗွန်နည်းသော အရင်းအမြစ်များဖြစ်သည့် ပြန်ပြည့်မြဲ စွမ်းအင်(ရေအား၊ လေအား၊ နေရောင်ခြည်) ကို နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ပြီး ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ လေအားစွမ်းအင်သုံး၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုများ Energy Storage System နှင့် ပေါင်းစပ်ပြီး ဓာတ်အားစနစ်သို့ ပို့လွှတ်ခြင်းဖြင့် တည်ငြိမ်သည့် ဓာတ်အားပေးစနစ်ရရှိရေးကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့။
• စက်တင်ဘာလ ၂၆ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့် အီကွေတိုရီရယ်ဂီနီသမ္မတ နိုင်ငံသမ္မတတို့က ကမ္ဘာ့နိုင်ငံများ၏ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ခြင်းအပေါ် ဆွေးနွေး ခဲ့ကြသည့် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့။
• စက်တင်ဘာလ ၂၆ ရက်တွင် Rosatom ၏ အကြီးအကဲဖြစ်သူဥက္ကဋ္ဌနှင့်အဖွဲ့အား တွေ့ဆုံ၍ နှစ်နိုင်ငံအကြား လျှပ်စစ်စွမ်းအားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေ သည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့။
• စက်တင်ဘာလ ၂၇ ရက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသော ကုမ္ပဏီများဖြစ်သည့် Rosatom Renewable Energy ကုမ္ပဏီ၊ Rosatom Smart Utilities ကုမ္ပဏီ၊ Rosatom Energy Projects ကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ပြီး လေအား လျှပ်စစ်စက်ရုံများ မွမ်းမံပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
စက်တင်ဘာလ ၂၈ ရက်တွင် နျူကလီးယားနည်းပညာဖြစ်ပေါ်တိုးတက်မှုသမိုင်းပြတိုက် Atom Pavilion သို့ သွားရောက်လေ့လာပြီး ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၁၀-၂၀၂၄)
• ပြည်ထောင်စုဝန်ကြီးသည် (၇) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်၌ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစွမ်းအား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာဗွန်နည်းသော အရင်းအမြစ်များဖြစ်သည့် ပြန်ပြည့်မြဲစွမ်းအင်(ရေအား၊ လေအား၊ နေရောင် ခြည်) ကို နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ပြီး ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့။
Add new comment