နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သာစည်-မန္တလေး ရထားလမ်းပိုင်းနှင့် စမုံချောင်းတံတား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် စက်တင်ဘာလ ၂၉ ရက်တွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာ ညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရေကြီး ရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် သာစည်-မန္တလေး မီးရထားလမ်းပိုင်းပေါ်ရှိ စမုံချောင်းတံတား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည်-

  • သာစည်ဘူတာမှတစ်ဆင့် သာစည်-မန္တလေး မီးရထားလမ်းပိုင်းပေါ်ရှိ စမုံချောင်း တံတား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု လုပ်ငန်းခွင်နေရာသို့ သွားရောက်ခဲ့ပြီး မီးရထားလမ်း တစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်းကောင်းမွန်စွာ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများ၊ ရေကြီးရေလျှံမှုဖြစ်ပေါ်စဉ် ရေအလုံးအရင်းဖြင့် ဝင်ရောက်တိုက်စားမှုများကြောင့် စိုက်ဧက များနှင့် မီးရထားလမ်းပိုင်းတစ်လျှောက် အချို့နေရာများတွင် ထိခိုက်ပျက်စီးနေမှု အခြေ အနေများကိုလည်းကောင်း။
  • တံတားအမှတ် ၆၉၁(အဆန်) ရန်ကုန်ဘက်ခြမ်းတံတား ချဉ်းကပ်တာဘောင် ရေတိုက်စား ပျက်စီးခဲ့မှုအား ရထားလမ်းဖြုတ်သိမ်း၍ စက်ယာဉ်ယန္တရားများဖြင့် တာဘောင်မြေဖို့ပြုပြင် ဆောင်ရွက်ခြင်းနှင့် သံလမ်းပြန်လည်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း။
  • တံတားအမှတ် ၆၉၁(အစုန်) သံဘောင် ခုပြုတ်ကျခဲ့ပြီး တိုင်အမှတ် ရေစီးအားဖြင့် မျောပါပျက်စီးခဲ့မှုအား Triple Double Bailey တံတား (၉၀) ပေထိုး၍ ပြန်လည် ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများနှင့် ရေစီးအားကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေ အနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့။  

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က -

  • ပြန်လည်ပြုပြင်မှုများကို ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ အရည်အသွေး ပြည့်မီရေးကို ဦးစားပေးဆောင်ရွက်သွားရန်လိုပြီး နောင်အလားတူဖြစ်ရပ်မျိုး ဖြစ်ပေါ် လာပါက ခံနိုင်ရည်ရှိစေရေးအတွက် စနစ်တကျသုတေသနပြုတွက်ချက်၍ ဆောင်ရွက် သွားရန်လိုကြောင်း။
  • ပြုပြင်မည့် ရထားလမ်းပိုင်းနေရာများနှင့် အသစ်တည်ဆောက်မည့် ရထားလမ်းပိုင်း နေရာများ၌ ရေဝင်ရေထွက်ကောင်းမွန်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုသကဲ့သို့ တံတား နေရာများ၌ အရှိန်အဟုန်ဖြင့် စီးဆင်းလာမည့် ရေစီးကြောင်းအရှိန်ကို ထိန်းနိုင်မည့် ကျောက်စီနံရံများဆောင်ရွက်ခြင်း၊ ချောင်းဖြောင့်ခြင်းတို့ကိုလည်း ထည့်သွင်းဆောင်ရွက် သွားရန်လိုကြောင်းဖြင့်မှာကြားခဲ့ပြီး မီးရထားလမ်းပြုပြင်နေသည့် ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သဲတော ဘူတာမှတဆင့် သဲတော-ဝမ်းတွင်း-မိတ္ထီလာ လမ်းကြောင်းအတိုင်း မော်တော်ယာဉ်များဖြင့် ထွက်ခွာ ခဲ့ကာ လမ်းကြောင်းတစ်လျှောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုများ၊ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၃၀-၉-၂၀၂၄)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် သာစည်-မန္တလေး ရထားလမ်း ပိုင်းနှင့် စမုံချောင်းတံတား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့။
  • ပြုပြင်မည့် ရထားလမ်းပိုင်းနေရာများနှင့် အသစ်တည်ဆောက်မည့် ရထားလမ်းပိုင်း နေရာများ၌ ရေဝင်ရေထွက်ကောင်းမွန်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုသကဲ့သို့ တံတားနေရာများ၌ အရှိန် အဟုန်ဖြင့် စီးဆင်းလာမည့် ရေစီးကြောင်းအရှိန်ကို ထိန်းနိုင်မည့် ကျောက်စီနံရံများ ဆောင်ရွက် ခြင်း၊ ချောင်းဖြောင့်ခြင်းတို့ကိုလည်း ထည့်သွင်းဆောင်ရွက်သွားရန်လို။

Add new comment