မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်း၌ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင်ပြည်သူများက လိုအပ်သည်များကို နေ့စဉ်ကူညီထောက်ပံ့မှုများ ဖြည့်ဆည်းပေးလျက်ရှိ ပါသည်။
- ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်တာဝန်ရှိသူများက လွိုင်ကော်မြို့အတွင်းရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်း သုံးခုသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ လူသုံးကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့။
- စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေး သင့်ပြည်သူများအား ငွေကျပ် ၁၄,၅၅၅,၀၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဓာတ်ဆားထုပ်နှင့် ကျောင်းသုံးဗလာစာအုပ်တို့ကို ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာတာဝန်ရှိသူများနှင့် ရေဘေးသင့်ပြည်သူများထံ ပေးအပ်လှူဒါန်းခဲ့။
- မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ငွေကျပ်သိန်း ၂၀၀၀ နှင့် ငွေကျပ်သိန်း ၈၀ တန်ဖိုးရှိ တိရစ္ဆာန်အစာများနှင့် ငွေကျပ် ၉၈၇.၈ သိန်း တန်ဖိုးရှိ တိရစ္ဆာန်ဆေးဝါးများအား ရေဘေးဒဏ်ခံစားခဲ့ရသော မွေးမြူရေးလုပ်ငန်းများအတွက် ပေးအပ်လှူဒါန်းကြရာ တာဝန် ရှိသူများက လက်ခံရယူကြပြီး ဗဟိုသဘာဝဘေးဒဏ်စီမံခန့်ခွဲရေး ကော်မတီသို့ ဆက်လက် ပေးအပ်လှူဒါန်းခဲ့။
- စေတနာရှင်အလှူရှင်များက ရေဘေးဒဏ်ခံစားရသောဒေသများအတွက် ငွေကျပ် ၁၆,၀၃၀,၀၀၀ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးအပ် လှူဒါန်းခဲ့။
- တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၂) ခုတို့မှ အလှူရှင်များနှင့် အဖွဲ့အစည်းတို့က နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ငွေကျပ် (၆၅၇၈ ဒသမ ၁၃၂) သန်း၊ အမေရိကန် ဒေါ်လာ (၅၀) ၊ ဘတ် (၃ဒသမ၄၁၁) သန်းနှင့် ငွေကျပ် (၁၁၃၃၆ ဒသမ ၁၄၆) သန်း၊ ဘတ် (၀ဒသမ၄၆၂) သန်း တန်ဖိုးရှိ ပစ္စည်းများ အပါအဝင် စုစုပေါင်း ငွေကျပ် (၁၇၉၁၄ ဒသမ ၂၇၈) ၊ အမေရိကန်ဒေါ်လာ (၅၀)၊ ဘတ် (၃ ဒသမ ၈၇၃) သန်းကို ရေဘေးသင့်ဒေသများသို့ ၎င်းတို့၏ အစီအစဉ်ဖြင့် သွားရောက် လှူဒါန်းခဲ့။
သက်ဆိုင်ရာတာဝန်ရှိသူများမှ ရေပြန်လည်ကျဆင်းသွားသည့် နေရာများအား သန့်ရှင်းရေး လုပ်ငန်းများအပြင် ဌာနဆိုင်ရာများမှလည်း ပျက်စီးဆုံးရှုံးသွားသည့် နေရာများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၉-၂၀၂၄)
- စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေး သင့်ပြည်သူများအား ငွေကျပ် ၁၄,၅၅၅,၀၀၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဓာတ်ဆားထုပ်နှင့် ကျောင်းသုံးဗလာစာအုပ်တို့ကို ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာတာဝန်ရှိသူများနှင့် ရေဘေးသင့်ပြည်သူများထံ ပေးအပ်လှူဒါန်းခဲ့။
- မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ငွေကျပ်သိန်း ၂၀၀၀ နှင့် ငွေကျပ်သိန်း ၈၀ တန်ဖိုးရှိ တိရစ္ဆာန်အစာများနှင့် ငွေကျပ် ၉၈၇.၈ သိန်း တန်ဖိုးရှိ တိရစ္ဆာန်ဆေးဝါးများအား ရေဘေးဒဏ်ခံစားခဲ့ရသော မွေးမြူရေးလုပ်ငန်းများအတွက် ပေးအပ်လှူဒါန်းခဲ့။
- တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၂) ခုတို့မှ အလှူရှင်များနှင့် အဖွဲ့အစည်းတို့က ထောက်ပံ့ပစ္စည်းများ အပါအဝင် စုစုပေါင်း ငွေကျပ် (၁၇၉၁၄ ဒသမ ၂၇၈) ၊ အမေရိကန်ဒေါ်လာ (၅၀)၊ ဘတ် (၃ ဒသမ ၈၇၃) သန်းကို ရေဘေးသင့်ဒေသများသို့ ၎င်းတို့၏ အစီအစဉ်ဖြင့် သွားရောက် လှူဒါန်းခဲ့။
Add new comment