နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် နိုင်ငံရေး ပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း ပြုလုပ်ခဲ့ပါသည်။
လက်ရှိတွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်သည့် နည်းလမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့် လူပုဂ္ဂိုလ်/ အဖွဲ့အစည်းများ ကြောင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ၊ အခြေခံအဆောက်အဦများ၊ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတားဖြစ်စေခဲ့ပါသည်။ ဤကဲ့သို့ ဖြစ်ပျက်တွေ့ကြုံခံစားနေရမှု များကို ပြည်သူလူထုတစ်ရပ်လုံးက လိုလားကြခြင်းလည်း မရှိကြကြောင်း သိရှိရပါသည်။
နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍လည်းကောင်း၊ ရေဘေးသင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ပေးနိုင်ရေးအတွက်လည်းကောင်း၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် အထောက်အကူ ပြုနိုင်မည့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်အား တည်ငြိမ်အေးချမ်းစွာဖြင့် အချိန်မီဆောင် ရွက်နိုင်ရန်အတွက်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများအား ပြည်သူနှင့်အတူ လက်တွဲဆောင်ရွက်ရန် လိုအပ်ချက်အရလည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်အဖွဲ့များအား လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်ဖြစ်စေ၊ ရွေးကောက်ပွဲလမ်း ကြောင်းဖြင့်ဖြစ်စေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ကမ်းလှမ်း ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
သို့ပါ၍ အထက်အပိုဒ်ပါ ထုတ်ပြန်ကမ်းလှမ်းချက်သည် ပြည်သူတစ်ရပ်လုံး၏ အမှန်တကယ် လိုလားချက်အားကိုယ်စားပြုရာရောက်သည့် နိုင်ငံတော်၏ အပြုသဘောဆောင်သော ကမ်းလှမ်းချက် ဖြစ်သောကြောင့်လည်းကောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးကို ရှေးရှုသော လိုက်နာ ပူးပေါင်းဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ရှုမြင်ပါသဖြင့် ၎င်းထုတ်ပြန်ချက် အပေါ် နိုင်ငံရေးပါတီများက အပြည့်အဝထောက်ခံကြောင်း နိုင်ငံရေးပါတီ (၂၆) ပါတီက ပူးတွဲသဘောထားထုတ်ပြန်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၉၂၀၂၄)
- နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ကမ်းလှမ်းဖိတ်ခေါ်မှုသည် ပြည်သူတစ်ရပ်လုံး၏ အမှန်တကယ် လိုလားချက်အားကိုယ်စား ပြုရာရောက်သည့် နိုင်ငံတော်၏ အပြုသဘောဆောင်သော ကမ်းလှမ်းချက် ဖြစ်သောကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏အကျိုးကို ရှေးရှုသော လိုက်နာပူးပေါင်း ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ရှုမြင်ပါသဖြင့် ၎င်းထုတ်ပြန်ချက်အပေါ် အပြည့်အဝထောက်ခံကြောင်း နိုင်ငံရေးပါတီ (၂၆) ပါတီက ပူးတွဲသဘောထားထုတ်ပြန်ခဲ့။
Add new comment