ဧရာဝတီမြစ်ကြောင်းအတွင်း ခရီးသွားပြည်သူလူထုမှ ခရီးသွားလာခြင်းနှင့် ကုန်စည်ပို့ ဆောင်ခြင်းများဆောင်ရွက်နေသည့် သင်္ဘောများကို PDF အမည်ခံအကြမ်းဖက်သမားများက ကုန်စည်စီးဆင်းမှု ပြတ်တောက်စေရန်နှင့် ၎င်းတို့အတွက် ငွေကြေးမလုံလောက်မှုများ ဖြစ်ပေါ်လာ သည့်အတွက် ဆက်ကြေးတောင်းခြင်း၊ ဆက်ကြေးမပေးနိုင်သည့် သင်္ဘောများအား ခေါင်းစဉ်အမျိုး မျိုးတပ်၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
အဆိုပါလူမဆန်သည့် လုပ်ရပ်များအား လက်မခံနိုင်တော့သည့် ဒေသခံပြည်သူများက ၎င်းတို့ လှုပ်ရှားသွားလာနေမှုများအား တပ်မတော်စစ်ကြောင်းများသို့ လျှို့ဝှက်စွာဆက်သွယ် သတင်းပေးပို့လာသဖြင့် စက်တင်ဘာလ ၂၀ ရက်မှစတင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် စက်လှေများ ဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းနှင့် စာသင်ကျောင်းများ၌ အကြမ်းဖက်သမားများ နေထိုင်အသုံးပြုခဲ့သည့် အသုံးအဆောင် ပစ္စည်းများနှင့် လူနေအိမ်များကို အကာအကွယ်ရယူ၍ တည်ဆောက်ထားသော သဲအိတ်ဘန်ကာ များ၊ ဆက်သွယ်ရေးမြောင်းများ၊ ပစ်ကျင်းများကို သိမ်းဆည်းရရှိခဲ့ပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ကုန်းတန်းလေးကျေးရွာ၊ ကုန်းတန်းကြီးကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ ကြိမ်တောကျေးရွာ၊ ဘုရားမကုန်းကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ ရွှေဘောင်ကျေးရွာ၊ သဖန်းဒေါင့် ကျေးရွာ၊ ငယ်တိုးကျေးရွာနှင့် သနပ်ကုန်းကျေးရွာများတွင် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းများနှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ လူနေအိမ်ခြံစည်းရိုးများ၌ အုတ်များ၊ သံပေပါများဖြင့် ပြုလုပ် ထားသည့် ဘန်ကာများ၊ ဆက်သွယ်ရေးတူးမြောင်းများနှင့် ပစ်ကျင်းများကို ထပ်မံ သိမ်းဆည်းရမိခဲ့ ပါသည်။
PDF အမည်ခံအကြမ်းဖက်သမားများသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများ တွင် ခိုအောင်းလှုပ်ရှားနေပြီး လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦ များကို အကာအကွယ်ယူ၍ ပြည်သူလူထုအသုံးပြုနေသော စစ်ရေးနှင့်မသက်ဆိုင်သည့် ခရီးသွား သင်္ဘောများ၊ ကုန်စည်ပို့ဆောင်ရေးသင်္ဘောများကို ပစ်ခတ်တိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့ရာ ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အချိန်အထိ စုစုပေါင်း ၁၄၆ ကြိမ် လုပ်ဆောင်ခဲ့ကြောင်းနှင့် ဧရာဝတီမြစ်ကြောင်း အတွင်း ပြည်သူများ လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရန်နှင့် ကုန်စည်များသယ်ယူပို့ဆောင်နိုင်ရန်အတွက် ဒေသတွင်းကုန်စည်စီးဆင်းမှုကို နှောင့်ယှက်တိုက်ခိုက်နေပြီး ခရီးသွားပြည်သူများ၏ အသက် အန္တရာယ်ကို ခြိမ်းခြောက်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင် များက နည်းလမ်းမျိုးစုံဖြင့် စုံစမ်းဖော်ထုတ်၍ လိုအပ်သည့် တိုက်ခိုက်ချေမှုန်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၉-၂၀၂၄)
- စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်ဘက်သင်္ဘောများကို နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်နေသည့် PDF အမည်ခံအကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ချေမှုန်းခဲ့ရာ ၎င်းတို့ထောင်ထားသည့် လက်လုပ်မိုင်းများ၊ အသုံးအဆောင်ပစ္စည်းများ၊ လူနေအိမ်များကို အကာအကွယ်ရယူ၍ တည်ဆောက်ထားသော သဲအိတ်ဘန်ကာများ၊ ဆက်သွယ်ရေးမြောင်း များနှင့် ပစ်ကျင်းများ သိမ်းဆည်းရရှိခဲ့။
- PDF အမည်ခံအကြမ်းဖက်သမားများသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများ တွင် ခိုအောင်းလှုပ်ရှားနေပြီး လူနေအိမ်များ၊ စာသင်ကျောင်းများနှင့် ဘာသာရေး အဆောက်အဦများကို အကာအကွယ်ယူ၍ ပြည်သူလူထုအသုံးပြုနေသော စစ်ရေးနှင့် မသက်ဆိုင်သည့် ခရီးသွားသင်္ဘောများ၊ ကုန်စည်ပို့ဆောင်ရေးသင်္ဘောများကို ပစ်ခတ် တိုက်ခိုက်ခြင်းများ ကျူးလွန်ခဲ့ရာ ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အချိန်အထိ စုစုပေါင်း ၁၄၆ ကြိမ် လုပ်ဆောင်ခဲ့။
Add new comment