မြန်မာ-တရုတ်နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကြား သတင်းဖလှယ်ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တရုတ်နိုင်ငံမှ အလိုရှိတရားခံပြေး ချန်တာဝေ့ ဦးဆောင်သော ဒုစရိုက်သမားများ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သတင်းအရ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား ချန်တာဝေ့နှင့် ရန်လျန်အပါအဝင် တရုတ်နိုင်ငံသား တရားခံ ၂၀ ဦး တို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါဖမ်းဆီးရမိသော တရုတ်နိုင်ငံသားတို့အား တရုတ်နိုင်ငံ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သော အစောင့်အရှောက်များဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်တွင် တရုတ်နိုင်ငံသို့ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် မြန်မာ နိုင်ငံ၏ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ အွန်လိုင်း လောင်းကစားလုပ်ငန်းများ တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၉-၂၀၂၄)
- ဖမ်းဆီးရမိသော တရုတ်နိုင်ငံသား ချန်တာဝေ့နှင့် ရန်လျန်အပါအဝင် တရုတ်နိုင်ငံသား တရားခံ ၂၀ ဦးတို့အား တရုတ်နိုင်ငံ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သော အစောင့်အရှောက်များဖြင့် တရုတ်နိုင်ငံသို့ ပြည်နှင် လွှဲပြောင်းပေးအပ်ခဲ့။
Add new comment