မြန်မာနိုင်ငံအတွင်း ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသောရေဘေးကြောင့် ရေဘေးဒဏ် သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ဒုတိယအကြိမ်ပေးအပ်လှူဒါန်းပွဲကို စက်တင် ဘာလ ၂၈ ရက်တွင် နေပြည်တော်၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ အလှူငွေများ လက်ခံပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ရေဘေးဒဏ်သင့်ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ အဖွဲ့များနှင့် ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ် လှူဒါန်းခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ပါ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အလှူငွေ များ ပေးအပ်လှူဒါန်းမှုအပေါ် ကျေးဇူးတင်စကားပြန်လည်ပြောကြားရာတွင်-
- ပထမအကြိမ်လှူဒါန်းမှုအခမ်းအနားတွင် ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံ ကျော်ကို လက်ခံ ရရှိခဲ့ပြီး ယနေ့ဒုတိယအကြိမ်အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ငွေကျပ် ၁၀ ဘီလီယံကျော်ကို ရရှိခဲ့ကြောင်း။
- မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးဒဏ်များကို သင်ခန်းစာယူပြီး နောင်ဖြစ်ပေါ်ချိန်များတွင် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားရန်လိုကြောင်း။
- စာသင်ကျောင်းများ၊ ဆေးရုံများအပါအဝင် အများပြည်သူလူထုနှင့် သက်ဆိုင်သည့် အဆောက် အဦများ၊ မြို့ပြများ အသစ်တည်ဆောက်ရာတွင်လည်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်ကို အဘက်ဘက်မှ ထည့်သွင်းတွက်ချက်စဉ်းစား၍ မြေနေရာရွေးခြယ် ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားရန် လိုကြောင်း။
- သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခဲ့သည့် နေအိမ်များအတွက်လည်း နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အချိန်တိုအတွင်း ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း။
- ပျက်စီးခဲ့ရသည့် စိုက်ပျိုးမြေများ၌လည်း သင့်လျော်သည့် သီးနှံများကို ပြန်လည်စိုက်ပျိုးနိုင်ရန် လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်အရင်းအနှီးများကို နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ လိုပါကြောင်း။
- နိုင်ငံတော်အနေဖြင့် ရေဘေးဒဏ်ကျရောက်ခဲ့ရသည့် ကျောင်းများအား အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ကလေးငယ်များ၏ ပညာရေးနောက်ကျမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း။
- အစိုးရတစ်ခုတည်းဆောင်ရွက်၍မရဘဲ မိမိတို့အားလုံး ဝိုင်းဝန်းဆောင်ရွက်မှသာလျင် နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် မိမိတို့တတ်နိုင်သည့် နယ်ပယ်မှ အတူတကွဝိုင်းဝန်း ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ် များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ စေတနာရှင်အလှူရှင်များ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၉-၂၀၂၄)
- ပထမအကြိမ်လှူဒါန်းမှုအခမ်းအနားတွင် ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံကျော်ကို လက်ခံ ရရှိခဲ့ပြီး ယနေ့ဒုတိယအကြိမ်အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ငွေကျပ် ၁၀ ဘီလီယံကျော်ကို ရရှိခဲ့။
- မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးဒဏ်များကို သင်ခန်းစာယူပြီး နောင်ဖြစ်ပေါ်ချိန်များတွင် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရေး ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်သွားရန်လို။
- နိုင်ငံတွင်းရှိ မြစ်များ၊ ချောင်းများတစ်လျှောက်၌ ရေလမ်းကြောင်းထိန်းသိမ်းခြင်းလုပ်ငန်း များကို စနစ်တကျဖြင့် နှစ်စဉ်ဆောင်ရွက်သွားရန်လို။
- စာသင်ကျောင်းများ၊ ဆေးရုံများအပါအဝင် အများပြည်သူလူထုနှင့် သက်ဆိုင်သည့် အဆောက် အဦများ၊ မြို့ပြများအသစ်တည်ဆောက်ရာတွင်လည်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ် ကို အဘက်ဘက်မှ ထည့်သွင်းတွက်ချက်စဉ်းစား၍ မြေနေရာရွေးခြယ်ဆောင်ရွက်ခြင်း၊ ရေရှည် တည်တံ့ခိုင်မြဲအောင်ဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားရန်လို။
- ပျက်စီးခဲ့ရသည့် စိုက်ပျိုးမြေများ၌လည်း သင့်လျော်သည့် သီးနှံများကို ပြန်လည်စိုက်ပျိုးနိုင်ရန် လို၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့်အရင်းအနှီးများကို နိုင်ငံတော်မှ ဆောင်ရွက် ပေးလျက်ရှိသကဲ့သို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း တတ်နိုင်သည့် ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလို။
Add new comment