နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၅) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၅) နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်တွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့်ဇနီး တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင်-

  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သီချင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး HE Ms. Ma Jia က နှုတ်ခွန်းဆက်စကား ပြောကြားခြင်း။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့်၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Ms. Ma Jia တို့က တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၅) နှစ်မြောက် အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ်ခြင်း၊
  • မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တရုတ်နိုင်ငံစစ်သံမှူး တို့က အခမ်းအနားသို့ တက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ခြင်းများ ဆောင်ရွက်ခဲ့။          

အဆိုပါအခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာ  နိုင်ငံခြားသံရုံးများမှ သံ အမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့်ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၂၈-၉-၂၀၂၄)

  • ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်၌ ကျင်းပသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်သည့် (၇၅) နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက်ပြီး မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Ms. Ma Jia နှင့်အတူ တရုတ် ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် (၇၅) နှစ်မြောက် အထိမ်းအမှတ် ကိတ်မုန့်ကို လှီးဖြတ် ပေးခဲ့။

Add new comment