မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာမှ အမျိုးသား ၁ ဦးသည် စက်တင် ဘာလ ၂၇ ရက်တွင် အသက် ၄ နှစ်အရွယ် သမီးဖြစ်သူနှင့်အတူ တောရဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်သွားရောက်ပို့ဆောင်စဉ် PDF အမည်ခံအကြမ်းဖက်သမားများက ရက်စက်ယုတ်မာစွာ လက်နက်ငယ်များဖြင့် ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့ရာ သားအဖ ၂ ဦးစလုံး လက်နက်ငယ် ထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH နှင့် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် ၎င်းတို့ခိုအောင်းလှုပ်ရှားနေသည့်ဒေသများတွင် ၎င်းတို့အပေါ် အားပေးထောက်ခံမှု မရှိသည့် ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မြို့၊ ရွာများအတွင်း ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများ၊ ဒရုန်းများ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက် ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား အဆင်အခြင်မဲ့စွာ လုပ်ဆောင်လျက်ရှိသည့်အပြင် ဗိုက်ကြီးသည်၊ သက်ကြီးရွယ်အိုများနှင့် လူမမယ်ကလေးများကိုပါမချန် လူမဆန်သည့် ရက်ရက် စက်စက် အကြောင်းမဲ့ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များအပေါ် မည်သူတစ်ဦးတစ်ယောက်မျှ လက်ခံနိုင် ခြင်းမရှိဘဲ ပြည်သူများက ရွံ့ရှာစက်ဆုပ်မုန်းတီးလျက်ရှိပါသည်။
PDF အမည်ခံ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင်အား ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းနှင့် လိုအပ်သောလုံခြုံရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိပြီး ဒေသခံပြည်သူများက ရွံ့ရှာဖွယ်ကောင်းသည့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် လက်ခံနိုင် ခြင်းမရှိသည့်အတွက် တပ်မတော်၏ အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်မှု (Counter- Terrorism Operation) ဆောင်ရွက်ရာတွင် အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၉-၂၀၂၄)
- မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာမှ ဖခင်နှင့် သမီးငယ်တို့ ၂ ဦးသည် ကျေးရွာရှိ တောရဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ရန် သွားရောက်စဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ရက်ရက်စက်စက်ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဖခင်ဖြစ်သူနှင့် အသက် ၄ နှစ်အရွယ်သမီးတို့ သေဆုံးခဲ့။
Add new comment