နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းသည် စက်တင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးဖိတ်ခေါ်ချက်နှင့်ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုများကို စက်တင်ဘာလ ၂၇ ရက်တွင် တစ်ပေါင်းတည်း ရှင်းလင်းပြောကြားခဲ့ပါသည်။
- တပ်မတော်အနေနဲ့ နိုင်ငံရေးတာဝန်ရယူခဲ့ရခြင်းရဲ့ အဓိကအခြေခံ အကြောင်းတရားကတော့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ဒါနိုင်ငံရေး အရ မသမာမှုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ညစ်တယ်လို့လည်း ဆိုနိုင်ပါလိမ့်မယ်။ နိုင်ငံရေးပြဿနာပါ။
- ဒါကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ တပ်မတော်က တရားဥပဒေနဲ့အညီ တောင်းဆိုခဲ့ပါတယ်။ လွှတ်တော်နည်းလမ်း၊ အခြေခံဥပဒေခုံရုံးနည်းလမ်း၊ တရားလွှတ်တော်ချုပ်နည်းလမ်း၊ အစိုးရနဲ့ အဓိကတာဝန်ရှိသူတွေက ဖြေရှင်းပေးရမယ့်နည်းလမ်း စတဲ့နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းဖို့ ဆောင်ရွက်ခဲ့ပါတယ်။ မရခဲ့ပါဘူး။
- နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး NUG, PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေ တည်ထောင်ပြီး အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ပါ တယ်။ ပြည်သူကို ခြိမ်းခြောက်ခဲ့ပါတယ်။
- ဒီလို အကြမ်းဖက်မှု၊ PDF တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီနေ့ စက်တင်ဘာလ ၂၇ ရက်ထိ နိုင်ငံတစ်ဝန်းမှာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ ရဟန်း သံဃာ ၈၄ ပါး အပါအဝင် အပြစ်မဲ့ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဗုံးဖောက်ခွဲမှု ၉၀၀၀ ကျော်လောက် ဖြစ်ပွားခဲ့ပါတယ်။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘဏ်များ၊ လူနေအိမ်များအပါအဝင် အခြေခံအဆောက်အဦ မီးရှို့ ဖျက်ဆီးခဲ့မှု ၁၃၀၀ ကျော် ရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ နစ်နာမှု တွေပဲဖြစ်ပါတယ်။
- ဒီအကြမ်းဖက်မှုတွေကြောင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတွေကို များစွာထိခိုက်ခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း ဒီကြေညာချက်ကို ထုတ်ခြင်းဖြစ်ပါတယ်။
- ဒီကြေညာချက်ထုတ်ပြန်ရခြင်း အကြောင်းအရင်းတွေကတော့ (၁) ယနေ့မြန်မာနိုင်ငံရဲ့ အခြေ အနေ၊ (၂) ပြောင်းလဲလာတဲ့ နိုင်ငံတကာအခြေအနေ၊ (၃) ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များရဲ့ သဘောဆန္ဒတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ပြည်သူ လူထုရဲ့ဆန္ဒဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုပြန်သွားနိုင်ဖို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို စတင်နေပြီဖြစ်ပါတယ်။
- နိုင်ငံသူ၊ နိုင်ငံသားတိုင်း နေရာဒေသမရွေး ဒီမိုကရေစီစနစ်ကို ရယူခံစားနိုင်ခွင့်ရှိဖို့လိုပါတယ်။ ပြည်သူ့အစိုးရကို ပြည်သူလူထုက လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိရပါမယ်။ ဒီအတွက် လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရပါမယ်။ ဒီလိုဖြစ်ဖို့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ အရေးကြီး လှပါတယ်။ ဒါကို ဖော်ဆောင်နိုင်ဖို့ ဒီကြေညာချက် ထွက်ပေါ်လာရခြင်းဖြစ်ပါတယ်။
- ဒါ့အပြင် ဒီနေ့ ကျွန်တော်တို့နိုင်ငံရဲ့ ဒေသတော်တော်များများမှာ မိုးနှောင်းကာလ ရေကြီး ရေလျှံမှုဒဏ်တွေ၊ သဘာဝဘေးဒဏ် ခံခဲ့ရပါတယ်။ နှစ် ၅၀/ ၁၀၀ အတွင်းမှာ အဆိုးရွားဆုံး ဖြစ်စဉ်ပါပဲ။ ဒီအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ တော်တော်ပြင်းပြင်းထန်ထန်ကို ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
- ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အလျင်အမြန်ဆောင်ရွက်နိုင်ဖို့၊ တည်ငြိမ်အေးချမ်းဖို့ လိုပါတယ်။ ပြည်သူတွေအပေါ်မှာ တစ်ပူပေါ် နှစ်ပူအဆင့်မခံစေချင်ပါဘူး။ ဒါ့ကြောင့် ပြည်သူလူထုအပေါ် စာနာထောက်ထားပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ မေတ္တာ ရပ်ခံရခြင်းဖြစ်ပါတယ်။
- ဒုတိယအချက်အနေနဲ့ကတော့ ဒီနေ့နိုင်ငံတကာအခြေအနေတွေကိုလေ့လာကြည့်ရင် ကမ္ဘာ့ အင်အားကြီးနိုင်ငံများ၊ ဒေသတွင်းအင်အားကြီးနိုင်ငံများရဲ့ အကျိုးစီးပွားပြိုင်ဆိုင်မှုဟာ ပိုမို များပြားပြင်းထန်လာတာကို တွေ့ရပါမယ်။ ရုရှား-ယူကရိန်းကိစ္စ၊ အရှေ့အလယ်ပိုင်းကိစ္စ၊ တောင်တရုတ်ပင်လယ်ကိစ္စတွေဟာ ထင်ရှားတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။ ဒီလို အခြေ အနေမျိုးမှာ ကျွန်တော်တို့နိုင်ငံလို နိုင်ငံငယ်တွေအနေနဲ့ ပြည်တွင်းစည်းလုံးညီညွတ်မှု ခိုင်မာဖို့ လိုအပ်ပါတယ်။
- ပြည်တွင်းစည်းလုံးညီညွတ်မှုယိုင်နဲ့နေရင် နိုင်ငံတကာပြိုင်ဆိုင်မှုတွေအကြားမှာ နိုင်ငံပါ ပျောက် သွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားလာပါတယ်။ ဒါ့ကြောင့်လည်း ပြည်တွင်း ညီညွတ်မှုကို ဦးတည်ပြီး ဒီကြေညာချက်ထွက်ပေါ်လာရခြင်းပဲဖြစ်ပါတယ်။
- တတိယအချက်အနေနဲ့ကတော့ တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ တချို့သော တိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့များအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များရဲ့ ဆန္ဒသဘောထားတွေကြောင့်ပါပဲ။
- ပြည်သူလူထုရဲ့နေ့စဉ် လူမှုစီးပွားဘဝလုံခြုံရေး၊ တိုးတက်ရေးကိုလိုလားတဲ့အဖွဲ့အစည်း အသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးက နိုင်ငံတော်အစိုးရနဲ့ နိုင်ငံတော်အကြီးအကဲများထံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မြှင့်တင်ဆောင်ရွက်ဖို့ အကြံပြု၊ ဆန္ဒပြုကြပါတယ်။ ဒီအဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးရဲ့ ငြိမ်းချမ်းရေးဆန္ဒကို ကျွန်တော်တို့အစိုးရ က ကျေးဇူးအထူးတင်ပါကြောင်းနဲ့ အထူးအလေးထားပါကြောင်းလည်း ပြောကြားလိုပါတယ်။
- တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ကို ရယူထမ်းဆောင်ခဲ့ရချိန်ကစပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ငြိမ်းချမ်း ရေးအတွက် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို နိုင်ငံ့ခေါင်းဆောင်နဲ့ တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးနိုင်ရေးထုတ်ပြန်ခဲ့ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ၇ ဖွဲ့၊ NCA လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့က ခေါင်းဆောင်များနဲ့ ၂၀၂၂ ခုနှစ် မေလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ အတွင်း ၃ ကြိမ် တိုင်တိုင် ဆွေးနွေးနိုင်ခဲ့ပါတယ်။
- အဲ့ဒီလိုဆွေးနွေးရာမှာ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များကို သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။
- အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေးကော်မတီအနေနဲ့ လည်း NCA လက်မှတ်ရေးထိုးထားတဲ့ EAO များနဲ့ ၅၆ ကြိမ်၊ NCA လက်မှတ်ရေးထိုး ထားခြင်းမရှိသေးတဲ့ EAO များနဲ့ ၂၄ ကြိမ်၊ နိုင်ငံရေးပါတီများနဲ့ ၁၅ ကြိမ်၊ ဘာသာရေး ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များ၊ State Holder များနဲ့ ၃ ကြိမ်၊ စုစုပေါင်း ၉၈ ကြိမ် ဆွေးနွေးနိုင်ခဲ့ပါတယ်။
နိဂုံးချုပ်အနေဖြင့် လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်လက်နက်ကိုင် ပဋိပက္ခများကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေ၊ ပြည်သူပိုင်အခြေခံအဆောက်အဦတွေ၊ ပြည်သူ့ အသက် အိုးအိမ်စည်းစိမ်တွေများစွာ ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကို စွန့်လွှတ်ပြီး ဒီမိုကရေစီလမ်းစဉ်၊ ဒီမိုကရေစီကျင့်စဉ်နဲ့ကိုက်ညီတဲ့ ပါတီနိုင်ငံရေး လမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတို့ကနေ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ကြဖို့ ကမ်းလှမ်းဖိတ်ခေါ်ရခြင်းပဲ ဖြစ်ပါတယ်။ ပြည်သူလူထု အပေါ်မှာ စစ်မှန်တဲ့စေတနာရှိရင် ပြည်သူကို မျက်နှာမူ၊ ငြိမ်းချမ်းရေးကို ရှေးရှုကြပါ။ ပြည်သူ့ဆန္ဒ အလေးထား၊ အကြမ်းဖက်လုပ်ငန်းစဉ်များကို ရှောင်ရှားကြပါ။ ပြည်သူ့အရေးအလေးပေး၊ ငြိမ်းချမ်း ရေးအတွက် တွေ့ဆုံဆွေးနွေးကြပါလို့ ပြောကြားလိုပါတယ်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၉-၂၀၂၄)
- နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး NUG, PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေ တည်ထောင်ပြီး အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ပါ တယ်။ ပြည်သူကို ခြိမ်းခြောက်ခဲ့ပါတယ်။
- PDF တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒီနေ့ စက်တင်ဘာလ ၂၇ ရက်ထိ နိုင်ငံတစ်ဝန်းမှာ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ ရဟန်း သံဃာ ၈၄ ပါး အပါအဝင် အပြစ်မဲ့ပြည်သူ ၆၇၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဗုံးဖောက်ခွဲမှု ၉၀၀၀ ကျော်လောက် ဖြစ်ပွားခဲ့ပါတယ်။ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘဏ်များ၊ လူနေအိမ်များအပါအဝင် အခြေခံအဆောက်အဦ မီးရှို့ ဖျက်ဆီးခဲ့မှု ၁၃၀၀ ကျော် ရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုရဲ့ နစ်နာမှု တွေပဲဖြစ်ပါတယ်။
- ဒီကြေညာချက်ထုတ်ပြန်ရခြင်း အကြောင်းအရင်းတွေကတော့ (၁) ယနေ့မြန်မာနိုင်ငံရဲ့ အခြေ အနေ၊ (၂) ပြောင်းလဲလာတဲ့ နိုင်ငံတကာအခြေအနေ၊ (၃) ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များရဲ့ သဘောဆန္ဒတွေကြောင့်ပဲ ဖြစ်ပါတယ်။
- ပြည်တွင်းစည်းလုံးညီညွတ်မှုယိုင်နဲ့နေရင် နိုင်ငံတကာပြိုင်ဆိုင်မှုတွေအကြားမှာ နိုင်ငံပါ ပျောက် သွားနိုင်တဲ့အထိ အန္တရာယ်ကြီးမားလာပါတယ်။ ဒါ့ကြောင့်လည်း ပြည်တွင်း ညီညွတ်မှုကို ဦးတည်ပြီး ဒီကြေညာချက်ထွက်ပေါ်လာရခြင်းပဲဖြစ်ပါတယ်။
- တတိယအချက်အနေနဲ့ကတော့ တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ တချို့သော တိုင်းရင်းသားလက်နက်ကိုင် EAOs အဖွဲ့များအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များရဲ့ ဆန္ဒသဘောထားတွေကြောင့်ပါပဲ။
- လက်ရှိဖြစ်ပွားနေတဲ့ အကြမ်းဖက်လက်နက်ကိုင် ပဋိပက္ခများကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေ၊ ပြည်သူပိုင်အခြေခံအဆောက်အဦတွေ၊ ပြည်သူ့ အသက် အိုးအိမ်စည်းစိမ်တွေများစွာ ဆုံးရှုံးခဲ့ရပါတယ်။
- နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်း ဖက်သောင်းကျန်းသူ အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေနဲ့ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကို စွန့်လွှတ်ပြီး ဒီမိုကရေစီလမ်းစဉ်၊ ဒီမိုကရေစီကျင့်စဉ်နဲ့ ကိုက်ညီတဲ့ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းတို့ကနေ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ကြဖို့ ကမ်းလှမ်း ဖိတ်ခေါ်ရခြင်းပဲဖြစ်ပါတယ်။
Add new comment