နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် အမှာစကားပြောကြား

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၂၇ ရက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဋ္ဌာန၊ စုပေါင်းခန်းမ၌ကျင်းပခဲ့ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက် တွင် အပြီးဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပြီးဖြစ်သောကြောင့်  အချိန်အကန့်အသတ်များ ရှိသည့်အတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် အလျင်အမြန်အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာ ကျောင်းများကို အောက်တိုဘာလအတွင်း အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး လမ်းညွှန်မှာကြား ထားသည့်အတွက် သတ်မှတ်ကာလအတွင်း ဖြစ်နိုင်သရွေ့ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • ကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများကိုလည်း သက်ဆိုင်ရာနယ်မြေအလိုက် ရေပြန်ကျချိန်များတွင် မိမိတို့၏အိမ်များသို့  ပြန်လည်ပြီး အခြေချနေထိုင်နိုင်ရေးနှင့် ပျက်စီးမှုများ ပြုပြင်ပေးနိုင်ရေးကို လည်း တတ်နိုင်သရွေ့ ဝိုင်းဝန်းကူညီပြီး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လမ်းတံတားများနှင့် စပ်လျဉ်း၍ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များအလိုက် လမ်းပျက်စီးမှုများကို ဦးစားပေး အလိုက် ပြုပြင်ထိန်းသိမ်းခြင်း၊ လုံးဝပျက်စီးသွားသည့် တံတားများလက်တလောသွားလာနိုင်ရန် ယာယီတံတားများဆောင်ရွက်ပေးရန်နှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး လမ်းညွှန်မှာကြား ထားသည့်အတွက် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • ထိုသို့ဆောင်ရွက်နိုင်ရန် မြေပြင်စာရင်းမှန်ကန်ရေးမှာ အရေးကြီးသည့်အတွက် ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီက စာရင်းအချက်အလက် ကောက်ယူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။
  • ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှုအပိုင်းတွင် ယနေ့အချိန်ထိ ဆောင်ရွက်လျက်ရှိပြီး ဘေးဒုက္ခ ရောက်သည့်နေရာအားလုံးသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ မရောက်မရှိ မဖြစ်စေရေး အထူး သဖြင့်  လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက နည်းလမ်း မျိုးစုံဖြင့် သွားရောက် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း။
  • ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာနက တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ DMC အဖွဲ့များနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများ  အလေးထား ဆောင်ရွက်နိုင်ရေးကို တွန်းအားပေးရမည်ဖြစ်ကြောင်း။
  • အောက်တိုဘာ ၁ ရက်တွင် စတင်ဆောင်ရွက်မည့် ပြည်လုံးကျွတ်လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းမစတင်မီ ကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူများ မူလနေရပ်သို့ အတတ်နိုင်ဆုံး ပြန်လည်ရောက်ရှိရန် လိုအပ်ကြောင်း။  
  • ရေဘေးသင့်ပြည်သူများအနေဖြင့် မိမိနေရာ၊ မိမိဒေသရှိ ကိုယ့်အိမ်၊ ကိုယ့်ရာများသို့ ပြန်လည် သွားရောက်ပြီး အမြန်ဆုံးပြုပြင်နေထိုင်ခြင်းဖြင့်  လုံခြုံမှုရှိပြီး ရေရှည်ကောင်းမွန်သည့် လူမှုဘဝကို တည်ဆောက်နိုင်မည်ဆိုသည်ကိုလည်း တာဝန်ရှိသူများက ရှင်းလင်းပြောကြားပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များက ရှာဖွေကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နေမှု၊ အလှူငွေ၊ အစား အသောက်နှင့် ဆေးဝါးများအပြင် လိုအပ်သည့်အခြားထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးနေမှု၊ ရေဘေးသင့် ပြည်သူများ မူလနေရပ်ပြန်လည်နေထိုင်နိုင်ရေး ဆောင်ရွက်ပေးနေမှု၊ ဆုံးရှုံးသွားသည့် ပစ္စည်းများနှင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်နေမှု၊ ပြည်ပနိုင်ငံများမှ လှူဒါန်းသည့် ပစ္စည်းများလက်ခံရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် လမ်းတံတား များအား ပြန်လည်ပြုပြင်တည်ဆောက်နေမှုများအားလည်းကောင်း၊ ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် အခြေခံပညာကျောင်းများနှင့် ပညာရေးရုံးများ၏ ယာယီ ပိတ်ထားမှု၊ ပျက်စီးဆုံးရှုံးခဲ့မှု၊ ရေပြန်လည်ကျဆင်းသွားသည့်ဒေသများရှိ ကျောင်းများပြန်လည် ဖွင့်လှစ်သင်ကြားနေမှုနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအားလည်းကောင်း၊ ရှင်းလင်း တင်ပြခဲ့ကြပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

တိုင်ဖွန်းမုန်တိုင်းရာဂိအရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုများအနေဖြင့် စက်တင်ဘာ ၂၇ ရက်အထိ နိုင်ငံအဝှမ်း၌ မြို့နယ် ၁၁၀ မြို့နယ်မှ လူနေအိမ် ၁၁၅၀၀၂ လုံး၊  ရုံးဌာန အဆောက်အဦ ၁၂၉ လုံး၊ စာသင်ကျောင်း ၃၃၃ ကျောင်း၊ ဘာသာရေး ကျောင်း ၂၂၈ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၃၅၈ ခု၊ လျှပ်စစ်မီးတိုင် ၅၆၂၂ တိုင်၊ ဆက်သွယ်ရေးတိုင် ၁၁၄ တိုင်၊ စပါးစိုက်ဧက ၇ သိန်း ၈ သောင်းကျော် ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၄၃၃ ဦး၊ မျောပါပျောက်ဆုံးသူ ၇၉ ဦးရှိပြီး တိရစ္ဆာန် သေဆုံးမှုအနေဖြင့် ၁၇၆၂၄၆ ကောင်ရှိကြောင်းသိရှိရပြီး ရေဘေးသင့်ဒေသများသို့ လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက် နိုင်ရန် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre) ဖွဲ့စည်းပြီး ၂၄ နာရီ အရေးပေါ်ရုံးခန်း ဖွင့်လှစ်ထားရှိကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၉-၂၀၂၄)

  • နိုင်ငံတော်ဝန်ကြီးချုပ်က ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက် တွင် အပြီးဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားပြီးဖြစ်သောကြောင့်  အချိန်အကန့်အသတ်များရှိသည့် အတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် အလျင်အမြန်အကောင်အထည်ဖော်ရမည် ဖြစ်။
  • နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသည့် အခြေခံပညာ ကျောင်းများကို အောက်တိုဘာလအတွင်း အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး လမ်းညွှန်မှာကြားထား သည့်အတွက် သတ်မှတ်ကာလအတွင်း ဖြစ်နိုင်သရွေ့ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အားသွန် ခွန်စိုက် ဆောင်ရွက်သွားရမည်ဖြစ်။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လမ်းတံတားများနှင့် စပ်လျဉ်း၍ အဓိကလမ်းမကြီးများနှင့် လမ်းသွယ်များအလိုက် လမ်းပျက်စီးမှုများကို ဦးစားပေးအလိုက် ပြုပြင်ထိန်းသိမ်းခြင်း၊ လုံးဝပျက်စီးသွားသည့် တံတားများလက်တလောသွားလာနိုင်ရန် ယာယီတံတားများ ဆောင်ရွက်ပေးရန်နှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေး လမ်းညွှန်မှာကြားထား သည့်အတွက် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်။
  • ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှုအပိုင်းတွင် ယနေ့အချိန်ထိ ဆောင်ရွက်လျက်ရှိပြီး ဘေးဒုက္ခ ရောက်သည့်နေရာအားလုံးသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ မရောက်မရှိ မဖြစ်စေရေး အထူး သဖြင့်  လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက နည်းလမ်း မျိုးစုံဖြင့် သွားရောက် ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးရမည်ဖြစ်။
  • ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဗဟိုဌာနက တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ DMC အဖွဲ့များနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများ  အလေးထား ဆောင်ရွက်နိုင်ရေးကို တွန်းအားပေးရမည်ဖြစ်။
  • စက်တင်ဘာ ၂၇ ရက်အထိ နိုင်ငံအဝှမ်း၌ မြို့နယ် ၁၁၀ မြို့နယ်မှ လူနေအိမ် ၁၁၅၀၀၂ လုံး၊  ရုံးဌာန အဆောက်အဦ ၁၂၉ လုံး၊ စာသင်ကျောင်း ၃၃၃ ကျောင်း၊ ဘာသာရေးကျောင်း ၂၂၈ ကျောင်း၊ လမ်း/တံတားပျက်စီးမှု ၁၃၅၈ ခု၊ လျှပ်စစ်မီးတိုင် ၅၆၂၂ တိုင်၊ ဆက်သွယ်ရေးတိုင် ၁၁၄ တိုင်၊ စပါးစိုက်ဧက ၇ သိန်း ၈ သောင်းကျော် ထိခိုက်ပျက်စီးခဲ့ကာ သေဆုံးသူ ၄၃၃ ဦး၊ မျောပါပျောက်ဆုံးသူ ၇၉ ဦးရှိပြီး တိရစ္ဆာန် သေဆုံးမှုအနေဖြင့် ၁၇၆၂၄၆ ကောင်ရှိကြောင်းသိရှိရ။

Add new comment