နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်တွင် နေပြည်တော်၊ ဇေယျာ သီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာ စကားပြောကြားရာတွင်- 

  • သစ်ပင်သစ်တောများရှိခြင်းသည် မိမိတို့နေထိုင်သည့် ပတ်ဝန်းကျင်သာယာလှပမှုကို ဖြစ်ပေါ် စေပြီး လူနှင့်သက်ရှိတို့အတွက် ကောင်းကျိုးများကို ရရှိနိုင်သောကြောင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတွင် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ပြုလုပ်၍ စိုက်ပျိုးနေခြင်းဖြစ်ကြောင်း။
  • သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများကို အမျိုးသားရေးလုပ်ငန်းစဉ် အဖြစ် စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းတိုက်ခတ်ပြီးချိန်တွင် ပျက်စီးမှုအများဆုံးကြုံတွေ့ခဲ့ရသည့် ရခိုင် ပြည်နယ်နှင့် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတို့တွင် လိုအပ်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လမ်းညွှန်မှာကြားမှုများ ဆောင်ရွက်ခဲ့ကြောင်း။
  • ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ရေဝင်ရေထွက် ကောင်းမွန်စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် စိမ်းလန်းစိုပြေရေးတို့အတွက် ရှေးဟောင်းရေကန်များပြန်လည် တူးဖော်ခြင်း၊ ရေထုတ်စနစ်များဖော်ဆောင်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်စေခဲ့ကြောင်း။
  • ယင်းသို့ဆောင်ရွက်ခဲ့သဖြင့် ယခုမိုးသည်းထန်စွာ ရွာသွန်းခဲ့ချိန်တွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ ထိခိုက်ပျက်စီးမှုနည်းပါးခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှု များကို စနစ်တကျဆောင်ရွက်ခြင်း၏ အကျိုးရလဒ်ကို သာဓကအဖြစ်တွေ့မြင်နိုင်ကြောင်း။
  • မိမိတို့နိုင်ငံရှိ မြစ်ချောင်းများ၏ မြစ်ဖျားပိုင်းနှင့် အထက်ပိုင်းများ၌ရွှေနှင့် သတ္တုတူးဖော်ခြင်း၊ မြစ်ကမ်းနံဘေးရှိသစ်များအား အလွန်အကျွံခုတ်ယူခြင်းများကြောင့် သဲနုန်းများရေစီးကြောင်း အတိုင်း တဖြည်းဖြည်းစီးဆင်း ဝင်ရောက်လာကာ သောင်ထွန်းခြင်းများနှင့် Bed Level မြင့်တက်ခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း။
  • ရေလမ်းကြောင်း ထိန်းသိမ်းမှုအားနည်းခြင်းများကြောင့် မြစ်ချောင်းများအတွင်း သဲနုန်းများ ပို့ချမှုများပြားလာခြင်းသည် ရေကြီးရေလျှံမှုများကိုပိုမို ဖြစ်ပေါ်စေကြောင်း။
  • မကြာမီက ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တောင်ကုန်း တောင်တန်းများပေါ်မှ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းမှုဖြစ်ပေါ်ခဲ့ပြီး ရေစီးဆင်းရာလမ်းကြောင်းများတစ်လျှောက် ထိခိုက်ပျက်စီးမှုများဖြစ် ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံတွင် မိုးကြောင့်ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးများအနက် အဆိုးဆုံးထိခိုက် ပျက်စီးမှု ကြုံတွေ့ခဲ့ရခြင်းပင်ဖြစ်ကြောင်း။
  • နှစ်ရှည်ပင်များသည် ချက်ချင်းအကျိုးမပြုနိုင်သော်လည်း နောင်မျိုးဆက်သစ်များအတွက် များစွာအကျိုး ဖြစ်ထွန်းစေမည်ဖြစ်သောကြောင့် သစ်ပင်များစိုက်ပျိုးရာတွင် တစ်ပင် စိုက်လျင် တစ်ပင်ရှင်ရမည် ဆိုသည့်အတိုင်း ရှင်သန်အောင်စိုက်ပျိုးသွားကြရန်နှင့် ရေရှည်ဆက် လက်ကြီးထွားလာစေရေး တာဝန်ရှိသူများက စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်း သွားရန် လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ အခမ်းအနားတက်ရောက် လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများနှင့်အတူ သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်များကို အတူတကွစုပေါင်းစိုက်ပျိုးကြသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်တွင်ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း ၉၀၀ ပင်၊ မဟော် ဂနီ ၆၀၀ ပင်၊ ပျဉ်းကတိုး ၃၀၀ ပင်၊ ပိတောက် ၆၀၀ ပင် စုစုပေါင်း ၂၄၀၀ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် စုစုပေါင်းသစ်ပင် ၂၂၁,၅၇၃  ပင်ကို စုပေါင်းစိုက်ပျိုး ပေးနိုင်ခဲ့ပါသည်။

ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၄ ခုနှစ် တတိယ အကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် စုစုပေါင်း ၄၁ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၁,၂၂၅ ပင် အား စိုက်ပျိုးခဲ့ပြီး ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၉-၂၀၂၄)

  • သစ်ပင်သစ်တောများရှိခြင်းသည် မိမိတို့နေထိုင်သည့် ပတ်ဝန်းကျင်သာယာလှပမှုကို ဖြစ်ပေါ် စေပြီး လူနှင့်သက်ရှိတို့အတွက် ကောင်းကျိုးများကို ရရှိနိုင်။
  • မကြာမီက ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တောင်ကုန်း တောင်တန်းများပေါ်မှ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းမှုဖြစ်ပေါ်ခဲ့ပြီး ရေစီးဆင်းရာလမ်းကြောင်းများတစ်လျှောက် ထိခိုက်ပျက်စီးမှုများဖြစ် ပေါ်ခဲ့ခြင်းသည် မိမိတို့နိုင်ငံတွင် မိုးကြောင့်ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးများအနက် အဆိုးဆုံးထိခိုက် ပျက်စီးမှု ကြုံတွေ့ခဲ့ရခြင်းပင်ဖြစ်။
  • ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်တွင်ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း ၉၀၀ ပင်၊ မဟော် ဂနီ ၆၀၀ ပင်၊ ပျဉ်းကတိုး ၃၀၀ ပင်၊ ပိတောက် ၆၀၀ ပင် စုစုပေါင်း ၂၄၀၀ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် စုစုပေါင်းသစ်ပင် ၂၂၁,၅၇၃  ပင်ကို စုပေါင်းစိုက်ပျိုးပေးနိုင်ခဲ့။

 

 

 

 

 

 

 

 

Add new comment