လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းဖက်လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ ထာဝရငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန်အလို့ငှာ နိုင်ငံတော်အားဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များ အနေဖြင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေး လမ်း ကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ သော်လည်းကောင်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ် ခေါ်ပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့မှ စက်တင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်-
ထုတ်ပြန်ချက်
၁။ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော မဲမသမာမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံရေးပြဿနာများကို အေးချမ်းစွာပြီးဆုံးစေရန်အတွက် နိုင်ငံရေးနည်းလမ်းမျိုးစုံဖြင့် ညှိနှိုင်းဖြေရှင်းရန်ကြိုးပမ်းခဲ့မှုကို လျစ်လျူရှု၍ နိုင်ငံတော်အာဏာကို မမှန်မကန်သောနည်းလမ်းဖြင့် ရယူရန်ကြိုးပမ်းခဲ့၍သာ တပ်မတော်က နိုင်ငံတော်၏အာဏာ အရပ် ရပ်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွှဲပြောင်း ရယူထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။
၂။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို စစ်ဘက်၊ အရပ်ဘက် မျှတစွာဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်အာဏာလွှဲအပ်ရေးကို မမှိတ်မသုန် ဦးတည် ဆောင်ရွက်နေသော်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက် နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်တို့ဖြင့် လက်နက်စွဲကိုင်အကြမ်းဖက်တိုက်ခိုက်သည့် နည်း လမ်းကို ရွေးချယ်အသုံးပြုခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသား အရင်းအမြစ်များ၊ နိုင်ငံတော်၏ အခြေခံအဆောက်အအုံများ၊ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးရမှုများစွာဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတားဖြစ်စေခဲ့ရသည်။
၃။ ယနေ့အချိန်တွင် ကျင်းပရန်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း မှန်ကန်မှုကို အထောက်အကူပြုစေမည့် သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ (၁) ရက်နေ့တွင် စတင်ကောက်ယူတော့မည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းစဉ် များကို အားသွန်ခွန်စိုက်ဆောင်ရွက်နေချိန်လည်းဖြစ်သည်။ လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းဖက် လမ်းစဉ်တို့ကြောင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့ရသည့် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု၍ ထာဝရ ငြိမ်း ချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများနှင့်အတူ လက်တွဲဖော်ဆောင်နိုင်ရန်အလို့ငှာ နိုင်ငံတော်အား ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်သည့် လမ်းစဉ်ကိုစွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်း ကြောင်းမှသော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ် ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်အပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၂၇-၉-၂၀၂၄)
- ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သော မဲမသမာမှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံရေးပြဿနာများကို အေးချမ်းစွာပြီးဆုံးစေရန်အတွက် နိုင်ငံရေးနည်းလမ်းမျိုးစုံဖြင့် ညှိနှိုင်း ဖြေရှင်းရန်ကြိုးပမ်းခဲ့မှုကို လျစ်လျူရှုခဲ့ရုံသာမက နိုင်ငံတော်အာဏာကို မမှန်မကန်သော နည်း လမ်းဖြင့် ရယူရန်ကြိုးပမ်းခဲ့၍သာ တပ်မတော်က နိုင်ငံတော်၏အာဏာ အရပ်ရပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွှဲပြောင်း ရယူထိန်းသိမ်းဆောင်ရွက်ခဲ့ရခြင်းဖြစ်။
- နိုင်ငံရေးပြဿနာအား လက်နက်စွဲကိုင်အကြမ်းဖက်တိုက်ခိုက်သည့် နည်းလမ်းကို ရွေးချယ်အသုံးပြု ခဲ့ကြသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသားအရင်းအမြစ်များ၊ အခြေခံ အဆောက်အအုံများ၊ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးရမှုများစွာဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတားဖြစ်စေခဲ့။
- တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ ပါတီနိုင်ငံရေး လမ်းကြောင်းဖြင့်သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ဆက်သွယ် ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်ထား။
Add new comment