ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Qu Zhe အား လက်ခံတွေ့ဆုံ

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Qu Zhe ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား စက်တင်ဘာလ ၂၆ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာတွင် -

  • နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက် ကောင်းမွန် လျက်ရှိသည့်အခြေအနေများ။
  • နှစ်နိုင်ငံလေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့် စစ်ဘက်ဆိုင်ရာများတွင် ပိုမိုပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့

အဆိုပါတွေ့ဆုံပွဲသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူးနှင့် အတူ စစ်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၂၇-၉-၂၀၂၄)

  • ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Qu Zhe ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့် စစ်ဘက်ဆိုင်ရာများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

 

Add new comment