စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ နှင့်အတူ စက်တင်ဘာလ ၂၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ နန်နင်းမြို့၌ ကျင်းပသည့် (၂၁)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်- အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်နှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်များနှင့်အတူ (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်- အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ကုန်စည်ပြပွဲတွင် ခင်းကျင်းပြသလျက်ရှိသည့် မြန်မာလုပ်ငန်းရှင်များ၏ပြခန်းများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။
ပြပွဲ၌ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် အာရေဗီးကာကော်ဖီ (Arabica Coffee)၊ လယ်ယာထွက် ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ထွက်ကုန်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများနှင့် ကျောက်မျက်ရတနာများအပါအဝင် ပြခန်း ၈၄ ခန်းခင်းကျင်းပြသလျက်ရှိပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာသင်းရှယ်ရှန့်၊ ကမ္ဘောဒီးယားနိုင်ငံ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဒုတိယဝန်ကြီး ချုပ်များ၊ အာဆီယံနိုင်ငံများမှဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံနှင့်အာဆီယံ နိုင်ငံများမှ ကုန်စည်ပြပွဲဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၉-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးသည် တရုတ်နှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် များနှင့်အတူ (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွား ရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေးကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့။
- ပြပွဲ၌ မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် အာရေဗီးကာကော်ဖီ (Arabica Coffee)၊ လယ်ယာထွက် ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း ထွက်ကုန်ပစ္စည်းများ၊ လက်မှုအနုပညာပစ္စည်းများနှင့် ကျောက်မျက်ရတနာများအပါအဝင် ပြခန်း ၈၄ ခန်းခင်းကျင်းပြသလျက်ရှိ။
Add new comment