အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဝန်ထမ်းစုဆောင်းရွေးချယ်ခြင်းနှင့် လေ့ကျင့်သင်ကြားရေး ဆိုင်ရာအဆင့်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဦးဆောင်မှု၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ပူးပေါင်းမှုဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဝန်ထမ်းစုဆောင်းရွေးချယ်ခြင်းနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ အဆင့်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံး၌ Virtual Platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲ၌ တာဝန်ရှိသူများက ဝန်ထမ်းစုဆောင်းရွေးချယ်ခြင်းကဏ္ဍနှင့် လေ့ကျင့်သင်ကြား ရေးကဏ္ဍတို့တွင် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာနည်းလမ်းများကို အဆင့်မြှင့်တင်ဆောင် ရွက်မှုများအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးခဲ့ကြပြီး ဘရူနိုင်းဒါရူဆလမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံတို့မှ ကိုယ်စားလှယ်များက ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအပေါ် လက်ရှိလုပ်ဆောင်လျက် ရှိသည့် အတွေ့အကြုံနှင့် နည်းလမ်းကောင်းများကို အဖွဲ့ဝင်နိုင်ငံများအကြား မျှဝေဖလှယ်ခဲ့ကြ ပါသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဆန်းမြင့်၊ သူရဦးဘိုနီနှင့် ဦးကျော်မျိုးထွဋ်၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံနိုင်ငံ့ဝန် ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍနှင့် ဆက်စပ်ကဏ္ဍများမှ ပြည်တွင်း၊ ပြည်ပကိုယ်စား လှယ်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိ ရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၉-၂၀၂၄)

  • ဆွေးနွေးပွဲ၌ တာဝန်ရှိသူများက ဝန်ထမ်းစုဆောင်းရွေးချယ်ခြင်းကဏ္ဍနှင့် လေ့ကျင့်သင်ကြား ရေးကဏ္ဍတို့တွင် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာနည်းလမ်းများကို အဆင့်မြှင့်တင် ဆောင်ရွက်မှုများအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးခဲ့။

 

Add new comment