ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင် ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md.Monwar Hossain အား စက်တင်ဘာလ ၂၆ ရက် တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံဆေး တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပညာရှင်များအကြား ဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများကျင်းပ၍ ပညာရပ်ဆိုင်ရာ အတွေ့အကြုံ များဖလှယ်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရောဂါကာကွယ်ထိန်းချုပ်ကုသခြင်းလုပ်ငန်း များနှင့် ရောဂါစောင့်ကြည့်ခြင်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၇-၉-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ် ကြီးအား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံဆေးတက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ နှီးနှောဖလှယ်ပွဲများ ကျင်းပ၍ ပညာရပ်ဆိုင်ရာ အတွေ့အကြုံများဖလှယ်ရေး၊ ရောဂါကာကွယ်ထိန်းချုပ်ကုသခြင်းလုပ်ငန်း များနှင့် ရောဂါစောင့်ကြည့်ခြင်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။
Add new comment