နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ၂၀၂၄ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

၂၀၂၄ ခုနှစ်၊ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင် ဘာလ ၂၅ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပခဲ့ရာ  အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီဝင်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော် ဘောလုံးအကယ်ဒမီကျောင်းမှ သင်တန်းသားများ၊ ဖိတ်ကြား ထားသူများနှင့်ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်-

  • တပ်မတော်အနေဖြင့် ယခုကဲ့သို့ အားကစားပြိုင်ပွဲများကို ကျင်းပနေခြင်းသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရွေးစင်အားကစားသမားများမှ နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့ လက်ရွေးစင်အားကစားသမားများအဖြစ်ကို တက်လှမ်းနိုင်စေရန် ရည်ရွယ်ကျင်းပနေခြင်း ဖြစ်သကဲ့သို့ မျိုးဆက်သစ်လူငယ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်း လာစေရန် ရည်ရွယ်မွေးထုတ်ပေးနေခြင်းလည်းဖြစ်ကြောင်း။
  • အားကစားဟူသည်မှာ ခွန်အားနှင့် ဉာဏ်ရည်ကိုအသုံးပြုပြီး လှုပ်ရှားဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ အားကစားလုပ်ဆောင်ခြင်းကြောင့် လူတစ်ယောက်၏ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးကို  ကြံ့ခိုင်သန်စွမ်းစေရုံမက စိတ်ဓာတ်ပိုင်းဆိုင်ရာကိုပါ ကြံ့ခိုင်ဖွံ့ဖြိုးစေကြောင်း။
  • တပ်မတော်အနေဖြင့် တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့နှင့် တပ်မတော် အားကစားကော်မတီတို့ကိုဖွဲ့စည်းပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အရည်အသွေးမြင့် တပ်မတော် သားအားကစားသမားများ မွေးထုတ်ပေးလျက်ရှိကြောင်း။
  • အားကစားကဏ္ဍ တိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များကို အောင်မြင်စွာ မြှင့်တင်ပေးနိုင်ခြင်းပင်ဖြစ်သော ကြောင့် နိုင်ငံတော်၏လူသားအရင်းအမြစ်ကို တိုက်ရိုက်သက်ရောက် ဖွံ့ဖြိုးတိုးတက်စေသည့် အဓိကအကြောင်းရင်းခံတစ်ရပ်လည်းဖြစ်ကြောင်း။
  • တပ်မတော်သားအားကစားသမားများသည် နိုင်ငံတကာအားကစားပြိုင်ပွဲများနှင့် ဒေသတွင်း ပြိုင်ပွဲများတွင် အဆင့်အတန်းပြည့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြသည့်အပြင် နိုင်ငံ့ဂုဏ် ဆောင်နိုင်သည့် ဆုတံဆိပ်အသီးသီး ဆွတ်ခူးရရှိနေကြသည်ကိုလည်း တွေ့ကြရမည် ဖြစ်ကြောင်း။
  • နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ ကြံ့ခိုင်သန်စွမ်းမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် စိတ်ဓာတ်ထက်သန်ပြင်းပြမှုတို့လိုအပ်ကြောင်း၊ အချင်းချင်း စည်းစည်းလုံးလုံး၊ အပြန်အလှန် နားလည်မှုရှိသည့် အဖွဲ့အစည်းစိတ်ဓာတ်နှင့် စုပေါင်းဖေးကူ ဆောင်ရွက်နိုင်စွမ်းရှိရန်လည်း မဖြစ်မနေ လိုအပ်ကြောင်း။
  • တပ်မတော်သားတပ်ဖွဲ့ဝင် အဆင့်အတန်းတိုင်းသည် နိုင်ငံ့လိုအပ်ချက်အရ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းအပေါ် ကျရောက်လာသည့် နိုင်ငံ့တာဝန်မှန်သမျှကို အပြည့်အဝ ဆုံးသော ခွန်အား၊ အထက်မြက်ဆုံးသော စွမ်းဆောင်ရည်များဖြင့် ကျေပွန်အောင် မြင်အောင် ထမ်းဆောင်သွားနိုင်ရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အဆိုပါ အားကစားပြိုင်ပွဲဖွင့်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား ဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲအဖြစ် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) ကိုယ်စားပြုအသင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း ကို ၄  ဂိုး  ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။

တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲ၊ ကရာတေးဒိုပြိုင်ပွဲ၊ ပြေးခုန်ပစ် (ကျား/မ) ပြိုင်ပွဲ၊ မြန်မာ့သိုင်း(ကျား/မ)ပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ၊ ဘော်လီဘော(ကျား/မ) ပြိုင်ပွဲ၊ ဂျူဒို (ကျား/မ) ပြိုင်ပွဲ၊ ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် တိုက်ကွမ်ဒိုပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲ ၁၀ မျိုးအား အောက်တိုဘာလ ၁၁ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၉-၂၀၂၄)

  • တပ်မတော်အနေဖြင့် ယခုကဲ့သို့ အားကစားပြိုင်ပွဲများကို ကျင်းပနေခြင်းသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ရွေးစင်အားကစားသမားများမှ နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် မြန်မာ့ လက်ရွေးစင်အားကစားသမားများအဖြစ်ကို တက်လှမ်းနိုင်စေရန် ရည်ရွယ်ကျင်းပနေခြင်း ဖြစ်သကဲ့သို့ မျိုးဆက်သစ်လူငယ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်း လာစေရန် ရည်ရွယ်မွေးထုတ်ပေးနေခြင်းလည်းဖြစ်။
  • အားကစားကဏ္ဍ တိုးတက်အောင်မြင်ခြင်းသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်း ဆိုင်ရာ စွမ်းဆောင်ရည်များကို အောင်မြင်စွာ မြှင့်တင်ပေးနိုင်ခြင်းပင်ဖြစ်သောကြောင့် နိုင်ငံတော်၏လူသားအရင်းအမြစ်ကို တိုက်ရိုက်သက်ရောက် ဖွံ့ဖြိုးတိုးတက်စေသည့် အဓိက အကြောင်းရင်းခံတစ်ရပ်လည်းဖြစ်။
  • တပ်မတော်သားတပ်ဖွဲ့ဝင် အဆင့်အတန်းတိုင်းသည် နိုင်ငံ့လိုအပ်ချက်အရ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီတိုင်းအပေါ် ကျရောက်လာသည့် နိုင်ငံ့တာဝန်မှန်သမျှကို အပြည့်အဝ ဆုံးသော ခွန်အား၊ အထက်မြက်ဆုံးသော စွမ်းဆောင်ရည်များဖြင့် ကျေပွန်အောင် မြင်အောင် ထမ်းဆောင်သွားနိုင်ရန်လို။

 

 

 

 

 

 

Add new comment