ပြတ်တောက်သွားသော ညာဘက်လက်မအား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၉) ရပ်ကွက်တွင် နေထိုင်သူ စိုင်းဇော်ထိုက်သည် ဇူလိုင်လ ၃၀ ရက်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ သံဖြတ်စက် Cutter ထိခိုက်မိရာမှ ညာဘက်လက်မပြတ်တောက်သွားသည့်ဒဏ်ရာဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ၁၁ နာရီ ၅၀ မိနစ်တွင် ရောက်ရှိလာပြီး ညာဘက်လက်မအား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုကို ည ၇ နာရီ ၃၅ မိနစ်တွင် စတင်ခွဲစိတ်ခဲ့ရာ ည ၁၁ နာရီ ၃၅ မိနစ်တွင် အောင်မြင်စွာဆောင်ရွက် ပြီးစီးခဲ့ပါသည်။

ပြတ်တောက်သွားသောလက်မအား ပြန်လည်ဆက်ခြင်း ခွဲစိတ်ကုသမှုကို လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုအဖွဲ့နှင့် မေ့ဆေးဆရာဝန်အဖွဲ့တို့က အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါလူနာအား ဩဂုတ်လ ၁၂ ရက်(ခွဲစိတ်ပြီး ၁၃ ရက်မြောက်နေ့)တွင် ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီး ပုံမှန်ပြင်ပလူနာအနေဖြင့် ဆေးရုံရက်ချိန်းဖြင့် ဆက်လက်စောင့်ရှောက်ကုသပေးလျက်ရှိရာ ခွဲစိတ်ပြီး ၂၈ ရက်မြောက်နေ့တွင် ဆက်ထားသောလက်မ၏ အခြေအနေမှာ‌ ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၉-၂၀၂၄)

  • သံဖြတ်စက် Cutter ထိခိုက်မိရာမှ ညာဘက်လက်မပြတ်တောက်သွားသည့် လူနာအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ညာဘက်လက်မအား ပြန်လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုကို နာရီ ၃၅ မိနစ်တွင် စတင်ခွဲစိတ်ခဲ့ရာ ၁၁ နာရီ ၃၅ မိနစ်တွင် အောင်မြင်စွာဆောင် ရွက်ပြီးစီးခဲ့။
  • ခွဲစိတ်ပြီး ၂၈ ရက်မြောက်နေ့တွင် ဆက်ထားသောလက်မ၏ အခြေအနေမှာကောင်းမွန်လျက် ရှိကြောင်း သိရှိရ။

Add new comment