အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ အသိပညာမျှဝေသည့် အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ

          အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) အသိပညာမျှဝေ မှုအစီအစဉ်အရစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် အကောင်အထည်ဖော်ဆောင်ရွက်မှု စစ်ဆေးခြင်းနှင့်စပ်လျဉ်းသည့် အသိပညာမျှဝေမှု အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် စက်တင်ဘာလ ၂၅ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ Video Conference စနစ်ဖြင့် လက်ခံကျင်းပခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် မလေးရှားနိုင်ငံ စာရင်းစစ်ချုပ် ASEANSAI Knowledge Sharing Committee ဥက္ကဋ္ဌ Mrs. Datuk Wan Surya Wan Mohd Radzi က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြဇင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြသက်မွန်တို့က စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် အကောင်အထည်ဖော်ဆောင်ရွက်မှု စစ်ဆေးခြင်းလုပ်ငန်းစဉ်များ၊ အင်ဒိုနီးရှားနိုင်ငံ စာရင်းစစ်ချုပ်ရုံးမှ ကိုယ်စားလှယ်များက စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် အကောင်အထည်ဖော်မှုစစ်ဆေးခြင်းမှ အတွေ့အကြုံများ၊ မလေးရှား နိုင်ငံ စာရင်းစစ်ချုပ်ရုံးမှ ကိုယ်စားလှယ်များက သစ်တောစီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို စက်တင်ဘာလ ၂၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။    

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၉-၂၀၂၄)

  • အလုပ်ရုံဆွေးနွေးပွဲတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် အကောင်အထည်ဖော် ဆောင်ရွက်မှု စစ်ဆေးခြင်းလုပ်ငန်းစဉ်များနှင့် အတွေ့အကြုံများ၊ သစ်တောစီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။

 

 

Add new comment