ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာဆိုဖီအန် ရှာအိဗ်အား ဟနွိုင်းမြို့ အခြေစိုက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် အယ်လ်ဂျီးရီးယား အစိုးရ၏ အဆိုပြုချက်ကို သဘောတူပြီးဖြစ်သည်။
မစ္စတာ ဆိုဖီအန်ရှာအိဗ်အား ၁၉၈၆ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် မွေးဖွားခဲ့ပြီး ၎င်းသည် အယ်လ်ဂျီးယားအုပ်ချုပ်မှုရေးရာ အမျိုးသားကျောင်းမှ ဒီပလိုမာကိုလည်းကောင်း၊ ပြင်သစ်နိုင်ငံ ယွန်မူလင်လီယွန်တက္ကသိုလ်မှ မဟာဘွဲ့ကိုလည်းကောင်း၊ ပြင်သစ်နိုင်ငံ ပြင်သစ်ပထဝီနိုင်ငံရေး ကျောင်းမှ ဒေါက်တာဘွဲ့ကိုလည်းကောင်း ရရှိခဲ့ပါသည်။
ပြည်ပတာဝန်ထမ်းဆောင်မှုများအဖြစ် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ ၂၀၁၅ ခုနှစ် ဇူလိုင်လ အထိ မော်ရိုကိုနိုင်ငံရှိ အယ်လ်ဂျီးရီးယားသံရုံးတွင် သံအရာရှိအဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလမှ ၂၀၂၁ ခုနှစ် ဇူလိုင်လအထိ ဘယ်လ်ဂျီယံနိုင်ငံရှိ အယ်လ်ဂျီးရီးယားသံရုံးတွင် ပထမအတွင်းဝန်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ယနေ့ အထိ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယား ပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၉-၂၀၂၄)
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် မစ္စတာ ဆိုဖီအန် ရှာအိဗ်အား အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူခဲ့။
Add new comment