The Fifth Plenary Meeting of the Global Operational Network of Anti- Corruption Law Enforcement Authorities (GlobE Network) သို့ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ စက်တင်ဘာလ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပ လျက်ရှိသည့် The Fifth Plenary Meeting of the Global Operational Network of Anti- Corruption Law Enforcement Authorities (GlobE Network) သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က စက်တင်ဘာလ ၂၄ ရက်တွင် Online ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office on Drugs and Crime-UNODC)၊ Trading Affairs ဌာနခွဲ ညွှန်ကြားရေးမှူးနှင့် အမှုဆောင်ညွှန်ကြား ရေးမှူးတို့က မိတ်ဆက်စကားပြောကြားခြင်း၊ စပိန်နိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံနှင့် တရုတ်နိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက အမှာစကားပြောကြားခြင်း၊ တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်တစ်ခုဖြစ်သည့် “Together Against Cross-Broder Corruption” ခေါင်းစဉ်ဖြင့် Video Clip ပြသခြင်းများဆောင်ရွက်ခဲ့ကြပြီး “Global Vision” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူဘောင်ခိုင်မာရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပွဲ များအားကျင်းပခဲ့ရာ တက်ရောက်လာကြသည့်   နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ကြ ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၉-၂၀၂၄)

  • The Fifth Plenary Meeting of the Global Operational Network of Anti- Corruption Law Enforcement Authorities (GlobE Network) သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်၊ “Global Vision” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေမူဘောင် ခိုင်မာရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးသည့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခဲ့။

 

 

 

 

 

Add new comment