နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်တင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
စစ်တက္ကသိုလ်၊ နဝဒေးခန်းမ၌ တိုင်းမှူးနှင့် ပြင်ဦးလွင်တပ်နယ်မှူး တို့က ပြင်ဦးလွင်တပ်နယ် အတွင်း လုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်နက်ခဲယမ်း များ သိမ်းဆည်းရမိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-
- ပြင်ဦးလွင်တပ်နယ်အနေဖြင့် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်လိုပြီး တပ်နယ်အတွင်း နယ်မြေစည်းရုံးရေးလုပ်ငန်းများ နှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း မိမိတို့ တာဝန်ထမ်းဆောင် ရသည့် နယ်မြေအလိုက် ဒေသ၏နယ်မြေဒေသအခြေအနေများ၊ ဒေသဆိုင်ရာအချက် အလက်များကို ခြေခြေမြစ်မြစ် သိရှိထားရမည်ဖြစ်ကြောင်း။
- နယ်မြေခံတပ်များနှင့် ဒေသခံများတစ်သားတည်းဖြစ်နေရမည်ဖြစ်ပြီး အပြန်အလှန် ရိုင်းပင်းကူညီခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နယ်မြေလုံခြုံရေး၊ ဒေသခံများ၏ လုံခြုံရေးကို အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် မှာကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စက်တင် ဘာလ ၂၄ ရက်တွင် ပြင်ဦးလွင်မြို့၊ သုမင်္ဂလာဈေး (ညံတောဈေး) ၆ ထပ် အဆင့်မြင့် ဈေးသစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဈေးပတ်လမ်းနှင့် ယာဉ်ရပ်နားရန်နေရာ များ၊ ဓာတ်လှေကားများ၊ ရိုးရိုးလှေကားများ၊ ထည့်သွင်းဆောင်ရွက်ထားမှု၊ အထပ်အလိုက် ဆိုင်ခန်း များဖွင့်လှစ်နိုင်ရေးလျာထားဆောင်ရွက်လျက်ရှိမှု၊ ရုပ်ရှင်ရုံများ ထည့်သွင်းတည်ဆောက်နိုင်ရေး လျာထား ဆောင်ရွက်လျက်ရှိမှုနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများ တပ်ဆင်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က-
- တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ရေစီးရေလာနှင့် ရေဝင်ရေထွက်ကောင်းမွန်စေရေးတို့ကိုလည်း ထည့်သွင်းစဉ်းစား၍ ရေနုတ်မြောင်းများကို စနစ်တကျထည့်သွင်း တည်ဆောက်သွားရန်လိုကြောင်း။
- ယခုအဆင့်မြင့်ဈေးသစ် တည်ဆောက်စေခြင်းသည် ပြင်ဦးလွင်မြို့၏ လူနေမှုထူထပ် လာမှုများ၊ ခရီးသွားလာမှု များပြားလာမှုများနှင့်ကိုက်ညီသည့် အဆင့်မီဈေးတစ်ခုဖြစ်ပေါ် လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစ်စု တစ်စည်းတည်းရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း မှာကြားခဲ့ပြီး နောက် သုမင်္ဂလာဈေး (ညံတောဈေး) ၆ ထပ် အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေး စီမံကိန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ လမ်းညွှန်မှာကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည် ပြင်ဦးလွင်မြို့ရှိ သမိုင်းဝင်မဟာရွှေမြင်တင်စေတီတော်ကြီးသို့လည်းကောင်း၊ မြတ်စွာဘုရား ရှင်၏ ပါဒခြေတော်ရာဆောင်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့လည်းကောင်း သွားရောက်ဖူးမြော် ကြည်ညို၍ စေတီတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများ ကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန်မှာကြားပြီး စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေ များကို ဂေါကအဖွဲ့ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၂၅-၉-၂၀၂၄)
- ပြင်ဦးလွင်တပ်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ နယ်မြေခံတပ်များနှင့် ဒေသခံများတစ်သားတည်းဖြစ်နေရမည်ဖြစ်ပြီး အပြန်အလှန် ရိုင်းပင်း ကူညီခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နယ်မြေလုံခြုံရေး၊ ဒေသခံများ၏ လုံခြုံရေးကို အတူ တကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လို။
- မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ တည်ဆောက်ရေး လုပ်ငန်း များဆောင်ရွက်ရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း စေရေး၊ ရေစီးရေလာနှင့် ရေဝင် ရေထွက် ကောင်းမွန်စေရေးတို့ကိုလည်း ထည့်သွင်းစဉ်းစား၍ ရေနုတ်မြောင်းများကို စနစ်တကျ ထည့်သွင်း တည်ဆောက်သွားရန်လို။
- သုမင်္ဂလာဈေး (ညံတောဈေး) ၆ ထပ် အဆင့်မြင့်ဈေးသစ် တည်ဆောက်စေခြင်းသည် ပြင်ဦးလွင် မြို့၏ လူနေမှုထူထပ်လာမှုများ၊ ခရီးသွားလာမှု များပြားလာမှုများနှင့် ကိုက်ညီသည့် အဆင့်မီ ဈေးတစ်ခုဖြစ်ပေါ် လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန်ပစ္စည်းများကို တစ်နေရာ တည်းတွင် တစ်စုတစ်စည်းတည်းရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်စေခဲ့ခြင်းဖြစ်။
Add new comment