နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၆၇) စစ်လက်ရုံးရွေးချယ်ပွဲနှင့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၂၇) စစ်လက်ရုံးရွေးချယ်ပွဲများသို့ သီးခြားစီ တက်ရောက်စိစစ်ရွေးချယ်ခဲ့ပါသည်။
စစ်လက်ရုံးရွေးချယ်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တာဝန်ရှိသူများက-
- ဗိုလ်လောင်းများအား တစ်ဦးချင်းစီတွေ့ဆုံမေးမြန်း၍ စာပေပညာ၊ စစ်ပညာတို့တွင် ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် သင်တန်းကာလတစ်လျှောက် ကြိုးစားအားထုတ်မှု ရလဒ်များအပေါ်မူတည်၍ ၎င်းတို့နှင့်သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့။
- နေ့လယ်ပိုင်းတွင် စစ်တက္ကသိုလ် အနော်ရထာတပ်ရင်း ဗိုလ်လောင်းစားရိပ်သာနှင့် တပ်မတော် နည်းပညာတက္ကသိုလ် ပညာတန်ဆောင် ဗိုလ်လောင်းစားရိပ်သာတို့၌ သင်တန်းသား ဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ကြပြီး ဗိုလ်လောင်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ လိုအပ်ချက်များအား မေးမြန်းဖြည့်ဆည်းပေးခဲ့။
အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲများသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရှိရ ပါသည်။
သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၂၅-၉-၂၀၂၄)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်တာဝန်ရှိသူများနှင့်အတူ စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၆၇) နှင့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၇) တို့၏ စစ်လက်ရုံး ရွေးချယ်ပွဲများသို့ သီးခြားစီတက်ရောက်ပြီး စာပေပညာ၊ စစ်ပညာတို့တွင် ဘာသာရပ် အလိုက် ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် သင်တန်းကာလတစ်လျှောက် ကြိုးစားအားထုတ်မှု ရလဒ်များ အပေါ်မူတည်၍ ၎င်းတို့နှင့်သင့်လျော်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ်ခဲ့။
Add new comment