မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်း၌ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ရေပြန်လည်ကျဆင်းသွားသည့် နေရာ များအား သန့်ရှင်းရေးလုပ်ငန်းများအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူးကျေးရွာဘုန်းတော်ကြီးကျောင်းရှိ ရေ ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများအားလည်းကောင်း၊ မဲနယ်တောင်ဒေသ ထီတခူး-နောင်ဒေးအုပ်စု၊ လွယ်မောဒေသ လွိုင်လင်မြို့နယ် ခေါင်နွဲ့-အင်းတောင်ဒေသအတွက် ငွေကျပ်သိန်း ၁၅၀ စီနှင့် စားသောက်ဖွယ်ရာများအားလည်း ကောင်း၊ သဘာဝဘေးဒဏ် ပြင်းထန်စွာခံစားခဲ့ရသည့် နောင်မူဒေသပြန်လည်ထူထောင်ရေး အတွက် ငွေကျပ်သိန်း ၂၈၀ ကို ပေးအပ်လှူဒါန်းခဲ့။
- စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေး သင့်ပြည်သူများအား ငွေကျပ် ၁၅,၃၈၂,၇၀၀ တန်ဖိုးရှိ ဆန်၊ စောင်၊ အဝတ်အထည်၊ဖိနပ်၊ ရေသန့်ဆေးပြား၊ သောက်ရေသန့်နှင့် အခြားအသုံးအဆောင်ပစ္စည်းတို့ကို ကျေးရွာတာဝန်ရှိ သူများထံ ပေးအပ်လှူဒါန်းခဲ့။
- သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် စေတနာရှင် ရဟန်းရှင်လူများမှ ပြည်ထောင်စု နယ်မြေ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးရှောင်ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း စုစုပေါင်း ၂၀၂ ကျောင်းသို့ ဝတ္ထုငွေကျပ် ၄၀၄ သိန်း၊ သင်္ကန်း ၈၈၈ စုံ၊ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ၇၀၂ ဆူ၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများစသည့်ဝတ္ထုပစ္စည်းများအပြင် ရေဘေးရှောင်ဒေသခံပြည်သူများအား ထောက်ပံ့ ငွေကျပ် ၃,၃၃၀,၀၀၀ လှူဒါန်းခဲ့။
- အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ချောင်းကမ်းကြီး ကျေးရွာမှ အိမ်ထောင်စု၂၆၀ အတွက် စုစုပေါင်းငွေကျပ် ၃၀,၂၆၇,.၀၀၀ တန်ဖိုးရှိ ထောက်ပံ့ ငွေ နှင့် ဆန်၊ ဆီအပါအဝင် စားသောက်ကုန်များ ပေးအပ်လှူဒါန်းခဲ့။
- စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၂)မှ ကျောင်းဆင်းအရာရှိကြီးများက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကျပ် ၁၀ သန်းအား ပေးအပ်လှူဒါန်းခဲ့။
- ဌာန၊ အဖွဲ့အစည်းများနှင့် စေတနာရှင်အလှူရှင်များက ရေဘေးဒဏ်ခံစားရသည့်ဒေသများ အတွက် စုစုပေါင်းငွေကျပ်သိန်း ၄၆,၆၀၀,၁၀၀ နှင့် စားသောက်ဖွယ်ရာများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းပေးအပ်ခဲ့။
- စေတနာရှင်အလှူရှင်များက ရှမ်းပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း ၈၀ နှင့် စားသောက်ဖွယ်ရာများအား ပေးအပ်လှူဒါန်းခဲ့။
လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာရှင် ပြည်သူများက လိုအပ်သည်များကို နေ့စဉ်ကူညီထောက်ပံ့မှုများ ဖြည့်ဆည်းပေးလျက်ရှိသည့်အပြင် ဌာနဆိုင်ရာများမှလည်း ပျက်စီးဆုံးရှုံးသွားသည့် နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၉-၂၀၂၄)
- သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် စေတနာရှင် ရဟန်းရှင်လူများမှ ပြည်ထောင်စု နယ်မြေ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေဘေးရှောင်ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း စုစုပေါင်း ၂၀၂ ကျောင်းသို့ ဝတ္ထုငွေကျပ် ၄၀၄ သိန်း၊ သင်္ကန်း ၈၈၈ စုံ၊ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော် ၇၀၂ ဆူ၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများစသည့်ဝတ္ထုပစ္စည်းများအပြင် ရေဘေးရှောင်ဒေသခံပြည်သူများအား ထောက်ပံ့ ငွေကျပ် ၃,၃၃၀,၀၀၀ လှူဒါန်းခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူးကျေးရွာဘုန်းတော်ကြီးကျောင်းရှိ ရေ ဘေးသင့်ပြည်သူများအား ငွေကျပ်သိန်း ၁၅၀ စီနှင့် စားသောက်ဖွယ်ရာများအားလည်း ကောင်း၊ နောင်မူဒေသပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်သိန်း ၂၈၀ ကို ပေးအပ် လှူဒါန်းခဲ့။
Add new comment