စင်ကာပူပြည်သူများက မြန်မာနိုင်ငံရေဘေးသင့်ဒေသရှိ ပြည်သူများသို့ အစားအစာနှင့် လူသုံးကုန်ပစ္စည်းများ ပေးပို့လှူဒါန်း

မြန်မာနိုင်ငံရှိ ရေဘေးသင့်ဒေသများသို့ စင်ကာပူနိုင်ငံရှိ Singapore Sinhala Buddhist Association၊ Mahakaruna Buddhist Society နှင့် Willing Hearts လူမှုကူညီရေးအသင်းတို့က လူသားချင်းစာနာထောက်ထားမှု အကူအညီများအဖြစ် အဟာရဖြည့်ဆန်အိတ်များ၊ လူကြီး/ကလေး အဝတ်အထည်များနှင့် ဂျာကင်၊ ဦးထုတ်နှင့် ဖိနပ်များ၊ အစားအစာများနှင့် ရေချိုးဆပ်ပြာ၊ ဆပ်ပြာတောင့်စသည့် လူသုံးကုန်ပစ္စည်းများ ခန့်မှန်း ၁၀ တန်ပမာဏကို စင်ကာပူမြို့မှ ရန်ကုန်မြို့ သို့ ပျံသန်းပြေးဆွဲလျက်ရှိသော (MNA) နှင့် (MAI) လေကြောင်းလိုင်းများမှ သယ်ယူပို့ဆောင်၍ ပေးပို့လှူဒါန်းခဲ့ပါသည်။

စင်ကာပူပြည်သူများမှ သက်ဆိုင်ရာ ပရဟိတအဖွဲ့အစည်းများမှတဆင့် ပေးပို့လှူဒါန်းသည့် ပစ္စည်းများကို မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတဝှမ်းရှိ ရေဘေးသင့်ဒေသများရှိ ပြည်သူများထံသို့ ဆက်လက် ဖြန့်ဝေပေးပို့ သွားမည်ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အခြေခံအကျဆုံးသော အစိတ် အပိုင်းဖြစ်သည့် နှစ်ဖက်ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် အားပေးကူညီမှု များတိုးပွားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၉-၂၀၂၄)

  • စင်ကာပူပြည်သူများက မြန်မာနိုင်ငံရေဘေးသင့်ဒေသရှိ ပြည်သူများသို့ အစားအစာနှင့် လူသုံးကုန်ပစ္စည်းများကို ရန်ကုန်မြို့ သို့ ပျံသန်းပြေးဆွဲလျက်ရှိသော (MNA) နှင့် (MAI) လေကြောင်းလိုင်းများမှ သယ်ယူပို့ဆောင်၍ ပေးပို့လှူဒါန်းခဲ့။

 

Add new comment