မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့နေရသော နေရာများသို့ ပြည်ထောင်စုဝန်ကြီးများ ကွင်းဆင်းစီမံဆောင်ရွက်

  ရာဂိမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ရေလှောင်တမံ များတွင် ရေဝင်ရောက်မှုနှင့်ချောင်းများ၏ ရေစီးဆင်းမှုအခြေအနေ၊ ကျေးရွာချင်းဆက်လမ်း၊ တံတား များ၊ ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ဆက်သွယ်ရေးဖိုက်ဘာတိုင် များနှင့် ဓာတ်အားလိုင်းများ ပြိုလဲပျက်စီးဖြစ်ပေါ်ခဲ့မှုအခြေအနေ၊ ပျက်စီးသွားသည့် လမ်း၊ တံတား များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည့် အခြေခံပညာကျောင်းများ နှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစီမံဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက် တို့တွင်-

  • သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်ထောင် စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် အလယ်ရွာ ကျေးရွာ၊ ရှမ်းရွာကျေးရွာနှင့် ဝဲကြီးကျေးရွာကျေးရွာတွင်း လမ်းများပျက်စီးနေမှုများ၊ ကျေးရွာချင်း ဆက်လမ်းများပျက်စီးခြင်း၊ ကျေးရွာအတွင်း ပုဂ္ဂလိကပိုင်စက်ရေတွင်းများ တွင်းဆေးတွင်းမှုတ် ဆောင်ရွက်နေမှုအခြေအနေများ၊ ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေဖြန့်ဝေပေးနေမှု အခြေအနေများ၊ စိုက်ပျိုးသီးနှံများ ချောင်းရေတိုက်စားပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ် ဆေးခဲ့ပြီး ပြန်လည်ပြုပြင်ရေးလုပ်ငန်းများအား ဦးစားပေးအလိုက် အမြန်ဆုံးဆောင်ရွက်သွားရန် မှာကြားခဲ့။
  • ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ လမ်း၊ တံတားများ ယာယီပြင်ဆင်ပြီးစီးသည့်အခြေအနေ၊ အခိုင်အမာ ပြင် ဆင်တည်ဆောက်မည့်အစီအမံနှင့် ဆင်သေချောင်း၏ ပြင်ဆင်ထိန်းသိမ်းခြင်းဆောင်ရွက်ရ မည့်အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ ဆင်သေချောင်းတံတား(ပုပ္ပါးကုန်း)နှင့် အေးမြင့်သာယာတံတားများသို့ ရောက်ရှိခဲ့ပြီး တံတားကြံ့ခိုင်မှု၊ ရေစီဆင်းမှုနှင့်ရေလမ်းကြောင်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့။
  • နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ်ရှိ ပင်လောင်းလမ်းဆုံ နှင့် အေးမြင့်သာယာတံတားအကြား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ ပုဗ္ဗသီရိမြို့နယ် ရှားစေး ဖိုကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ အေးမြင့်သာယာကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်းနှင့် ရှားစေးဖိုလျှပ်စစ်ရေတင်စက်ရုံတို့တွင် ရေဝင်ရောက်ခဲ့မှုကြောင့် ထိခိုက် ပျက်စီးမှုများအား ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်အမှတ် (၃) ကန်ဘေးပတ်လည်ရှိ မြေထိန်းနံရံ ကျွံကျပျက်စီးမှုအခြေအနေများကို ကွင်းဆင်းစီမံ ဆောင်ရွက်ခဲ့။
  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ရမည်းသင်းမြို့ ကျီးနီကန်ဆည်ရေသောက်စနစ် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ တမံနှင့် ရေတံခါးကြံ့ခိုင်မှု၊ အရန်ရေပိုလွှဲနေရာအား ယာယီဆောင်ရွက်ထားရှိမှုနှင့် ရေလှောင်ကန် အတွင်း သဲနုန်းပို့ချမှုအခြေအနေများ၊ ဇေယျာသီရိမြို့နယ် ရေဆင်းငါးလုပ်ငန်းစခန်းရှိ ရေနုတ် မြောင်း ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေဆင်းရေသောက်စနစ်  ပြန် လည်ပြုပြင်ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်များ၊ ချောင်းများတွင် ရေစီးဆင်းမှုများပြားခြင်း၊ ရေလှောင်တမံများတွင် ရေဝင်ရောက်မှုများလာခြင်းတို့ကြောင့် သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်လာခဲ့သဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား တာဝန်ရှိသူများက အနီးကပ် စောင့်ကြည့်စီမံမှုများဆောင်ရွက်လျက်ရှိပြီး ရေဘေးကာကွယ်ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၉-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးများသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်း၊ တံတားများ ပြန် လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေ အနေများ၊ ကျီးနီကန် ဆည်ရေသောက်စနစ် ပြုပြင်နေမှု၊ သောက်သုံးရေဖြန့်ဝေပေးနေမှု အခြေ အနေများ၊ စိုက်ပျိုးသီးနှံများ ချောင်းရေတိုက်စားပျက်စီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ် ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့။

Add new comment