ဆော်ဒီအာရေဗျနိုင်ငံ၏ (၉၄) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၃ ရက်တွင် ရန်ကုန်မြို့ Wyndham Grand Hotel ၌ ကျင်းပခဲ့ရာ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီး H.E. Mr.Saud Abdullah Alsubaie နှင့်တာဝန်ရှိသူများက ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်း နှီးနှီး ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သီချင်းနှင့် ဆော်ဒီ အာရေဗျနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကိုဖွင့်လှစ်ခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီ အာရေဗျနိုင်ငံ သံအမတ်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဆော်ဒီအာရေဗျနိုင်ငံ၏ (၉၄) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ကိတ်ကို လှီးဖြတ်ခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြခြင်း၊ ဧည့်ခံပွဲသို့တက်ရောက်လာကြသူများအား သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါဧည့်ခံပွဲအခမ်းအနားသို့ ရန်ကုန်မြို့ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံး ယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၉-၂၀၂၃)
- ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဆော်ဒီအာရေဗျနိုင်ငံ၏ (၉၄) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်၊ ရန်ကုန်မြို့နိုင်ငံခြားသံရုံး များမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေ ကိုယ်စားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့။
Add new comment