သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး Mr. Liu Yong ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား စက်တင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
- သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ ဆုံစဉ် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား သစ်တော၊ သတ္ထုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေး နွေးခဲ့ပြီး တွေ့ဆုံပွဲအပြီးတွင် China Arts and Crafts Association မှ မြန်မာနိုင်ငံအတွင်း ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေဘေးကြောင့် ဘေးသင့်ပြည်သူများအတွက် တရုတ် ယွမ် ၇၀၀၀၀၀ တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့။
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့အကြား လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် ယူနန်ပြည်နယ်အစိုးရတို့အကြား ဆက်လက်ဆောင်ရွက်လိုသည့် ကိစ္စရပ်များနှင့်စပ် လျဉ်း၍ ဆွေးနွေးခဲ့။
- မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် ယူနန်ပြည်နယ်နှင့် မြန်မာ နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုတိုးမြှင့်တည်ဆောက်ရေး၊ အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေး၊ နှစ်နိုင်ငံပြည်သူချင်း ဆက်ဆံရေးကဏ္ဍတိုးမြှင့် ဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားကို အလေးထားဖော်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် စီးပွားရေး ရာဌာနနှင့်စွမ်းအင်ဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိ ရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၉-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးများ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ကြား သစ်တော၊ သတ္ထုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ယူနန်ပြည်နယ်နှင့် မြန်မာ နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှုတိုးမြှင့်တည်ဆောက်ရေး၊ အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေး၊ နှစ်နိုင်ငံပြည်သူချင်း ဆက်ဆံရေးကဏ္ဍ တိုးမြှင့် ဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံအကျိုးစီးပွားကို အလေးထားဖော်ဆောင်ရေးကိစ္စများဆွေးနွေးခဲ့။
- China Arts and Crafts Association မှ မြန်မာနိုင်ငံအတွင်း ရာဂိမုန်တိုင်းနှင့် ဆက်စပ်ဖြစ် ပွားသော ရေဘေးကြောင့် ဘေးသင့်ပြည်သူများအတွက် တရုတ်ယွမ် ၇၀၀,၀၀၀ တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့။
Add new comment