ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ကျင်းပသည့် စီးပွားရေးဝန်ကြီးများအစည်းအဝေးများသို့ တက်ရောက်

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ အာဆီယံနှင့် ဆွေးနွေး ဖက်နိုင်ငံများအကြား ပြုလုပ်သည့် စီးပွားရေးဝန်ကြီးများအစည်းအဝေးများသို့ တက်ရောက်ခဲ့ရာ-

  • စက်တင်ဘာလ ၁၉ ရက်တွင် အကြိမ် (၂၀) မြောက် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အီးယူ ကုန်သွယ်ရေးကော်မရှင်နာအစည်းအဝေး၊ (၁၃) ကြိမ်မြောက် အာဆီယံ-ရုရှားစီးပွားရေးဝန် ကြီးများအစည်းအဝေး၊ တတိယအကြိမ်မြောက် အာဆီယံ-ဆွစ်ဇာလန် စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် () ကြိမ်မြောက် အာဆီယံ-ယူကေစီးပွားရေးဝန်ကြီးများအစည်းအဝေး များသို့ တက်ရောက်ခဲ့။
  • စက်တင်ဘာလ ၂၀ ရက်တွင် () ကြိမ်မြောက် အာဆီယံ- ဟောင်ကောင် (တရုတ်) စီးပွားရေး ဝန်ကြီးများအစည်းအဝေး၊ အာဆီယံနှင့် အမေရိကန်စီးပွားရေးဝန်ကြီးများအစည်းအဝေး၊ (၁၃) ကြိမ်မြောက် အာဆီယံ-ကနေဒါ စီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် (၂၁) ကြိမ် မြောက် အာဆီယံ-အိန္ဒိယစီးပွားရေးဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်ခဲ့။
  • စက်တင်ဘာလ ၂၁ ရက်တွင် (၂၉) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ၊ နယူးဇီလန်စီးပွားရေး ဝန်ကြီးများအစည်းအဝေး၊ (၃၀) မြောက် အာဆီယံ-ဂျပန် စီးပွားရေးဝန်ကြီးများအစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် အရှေ့အာရှစီးပွားရေးဝန်ကြီးများအစည်းအဝေးများသို့ တက်ရောက်ခဲ့။
  • စက်တင်ဘာလ ၂၂ ရက်တွင် (၂၃) ကြိမ်မြောက် အာဆီယံ-တရုတ် စီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ-ကိုရီးယားစီးပွားရေးဝန်ကြီးများအစည်းအဝေး၊ (၂၇) ကြိမ်မြောက် အာဆီယံ-အပေါင်းသုံး (တရုတ်၊ ဂျပန်၊ ကိုရီးယား) စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် တတိယအကြိမ် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်ခဲ့။
  • စက်တင်ဘာလ ၁၉ ရက်တွင် ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Vladimir Ilichev နှင့်လည်းကောင်း၊ စက်တင်ဘာ ၂၁ ရက်တွင် အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး H.E. Mr. Piyush Goyal နှင့်လည်းကောင်း တွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ် များကို ဆွေးနွေးခဲ့။

အစည်းအဝေးများတွင် အာဆီယံနှင့် ယူရေးရှားစီးပွားရေးကော်မရှင်တို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ၊ အာဆီယံ-အမေရိကန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မူဘောင်အစီအစဉ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့အစီအစဉ် ၂၀၂၃-၂၀၂၄ အကောင်အထည်ဖော်မှုများ၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစိန်ခေါ်မှုများ၏ အကျိုးသက်ရောက်မှုများကို လျော့ပါး စေရန် အရှေ့အာရှအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ ဩစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင် (တရုတ်) ကနေဒါ၊ ရုရှား၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်တို့မှ စီးပွားရေးဝန်ကြီးများ၊ အီးယူကုန်သွယ်ရေးကော်မရှင်မှ တာဝန်ရှိသူများ၊ စီးပွားရေးအကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင် ဘာလ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၉-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ကျင်းပသည့် စီးပွားရေးဝန်ကြီးများအစည်းအဝေးများသို့ တက်ရောက်ခဲ့။
  • အစည်းအဝေးများတွင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစိန်ခေါ်မှုများ၏ အကျိုး သက်ရောက်မှုများကို လျော့ပါးစေရန် အရှေ့အာရှအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင် ရွက်မှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT 1 AS expression FROM {variable} variable WHERE ( (name = :db_condition_placeholder_0) ); Array ( [:db_condition_placeholder_0] => cron_last ) in variable_set() (line 1310 of /home/admin/web/infosheet.org/public_html/mm/includes/bootstrap.inc).

Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 146140544066fe6be5517787.75816722 ) in lock_release_all() (line 269 of /home/admin/web/infosheet.org/public_html/mm/includes/lock.inc).

Add new comment