ရာဂိမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ရေလှောင်တမံ များတွင် ရေဝင်ရောက်မှုနှင့်ချောင်းများ၏ ရေစီးဆင်းမှုအခြေအနေ၊ ကျေးရွာချင်းဆက်လမ်း၊ တံတား များ၊ ကျေးလက်ရေပေးရေးလုပ်ငန်း ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ဆက်သွယ်ရေးဖိုက်ဘာတိုင် များနှင့် ဓာတ်အားလိုင်းများ ပြိုလဲပျက်စီးဖြစ်ပေါ်ခဲ့မှုအခြေအနေ၊ ပျက်စီးသွားသည့် လမ်း၊ တံတား များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည့် အခြေခံပညာကျောင်းများ နှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစီမံဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၈ ရက်မှ ၂၂ ရက်ထိ-
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် နေပြည်တော် ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့ရှိ ရေဆင်းဆည်ရေသောက်မြောင်း များ ပြုပြင်နေမှု၊ တပ်ကုန်းမြို့နယ်ရှိ ဆိုလာစနစ်မြေအောက်ရေတင်စက်များ ပြန်လည် အသုံးပြုနိုင်ရန် မွမ်းမံပြင်ဆင်မှုလုပ်ငန်းများကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးပြီး ဒေသခံ တောင်သူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့။
- သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဇေယျာသီရိ မြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် ရမည်း သင်းမြို့နယ်များရှိ လူနေအိမ်များနှင့် စာသင်ကျောင်း ရေကြီးနစ်မြုပ်ခဲ့ပြီး နုန်းများတင်ကျန် နေမှု၊ လမ်း၊ တံတားများ၊ ကျေးရွာချင်းဆက်လမ်းများ ပျက်စီးမှုအခြေအနေများအား ပြန်လည် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများ၊ သောက်သုံးရေဖြန့်ဝေပေးနေမှုများ၊ လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အတွင်း ရေဘေးသင့်ခဲ့သည့် ကျေးရွာများသို့ သွားရောက်အားပေးပြီး ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းဆောင်ရွက် ခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။
- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် နေပြည်တော်အတွင်း ပြို လဲပျက်စီးသွားသည့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော် (၂) ဓာတ်အားလိုင်း ပြန်လည်ပြုပြင်ခြင်း၊ ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်ခြင်းလုပ်ငန်းနှင့် ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အားလိုင်း ပြန်လည်ပြုပြင်တည်ဆောက်ခြင်း ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့။
- ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ သည့် ပုဗ္ဗသီရိ၊ ဇေယျာသီရိနှင့် ပျဉ်းမနားမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများကို သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သင်ကြားရေးလုပ် ငန်းများ ပြန်လည်စတင်နိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့။
- သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တောင်ငူ မြို့ရှိ ရေဘေးသင့် နည်းပညာတက္ကသိုလ်(တောင်ငူ)၊ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ) အစိုးရ နည်းပညာအထက်တန်းကျောင်း(တောင်ငူ)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ) များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့။
- အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် ကလေးရောဂါ အထူးကုဆေးရုံကြီး(နေပြည်တော်)၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)နှင့် ပြည်သူ့ ဆေးရုံ(တပ်ကုန်းမြို့)တို့သို့ သွားရောက်ကာ တပ်ကုန်းမြို့နယ် ကြက်သွန်ခင်း ကျေးရွာအုပ်စု ချောင်းခြားကျေးရွာမှ အစာအဆိပ်သင့်ရောဂါလက္ခဏာများဖြစ်ပွား၍ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား သွားရောက်ကြည့်ရှုအားပေးစကားပြော ကြားကာ လူနာများအား သေချာစွာစောင့်ကြပ် ကြည့်ရှုကုသရန် မှာကြားခဲ့။
- ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ နဝင်းချောင်းတံတား (အဆုံတံတား)၊ ဆင်သေချောင်းတံတား (ပုပ္ပါးကုန်း)၊ ဆင်သေချောင်းတံတား (သိုက်ချောင်း)နှင့် မွန်းတည့်ခွင်-ကျည်တောင်-ခေါမ-ညောင်ပင်သာ လမ်းပေါ်ရှိ တံတားအမှတ်(၂/၂၀)၏ ရေတိုက်စား၍ ပျက်စီးသွားသည့်နေရာများအား ယာယီ ဘေလီတံတားထိုးခြင်းဆောင်ရွက်နေသည့်အခြေအနေများ၊ ယာယီပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် အမြဲတမ်းပြုပြင်ခြင်းလုပ်ငန်းများအတွက် ဆောင်ရွက်နေမှု၊ လမ်း၊ တံတား များ၏ ကြံ့ခိုင်မှုအခြေအနေ၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များနှင့် ခရီးသည်ယာဉ် များ ဖြတ်သန်းသွားလာခွင့်ပြုထားမှုအခြေအနေတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့။
- နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ် ကွမ်းခြံကျေးရွာ၊ ဇီးဖြူ တန်းကျေးရွာ၊ ရေကာကျေးရွာ၊ ညောင်ပင်သာကျေးရွာတို့သို့ သွားရောက်၍ ရေနစ်မြုပ်ခဲ့ သည့် လယ်မြေများ အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ရေသွင်းရေထုတ်မြောင်းများ အမြန် ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့။
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ရှိ မင်းသားကြီးကန် မြေသားပေါင် ထိခိုက်ပျက်စီး ခဲ့မှု၊ သာစည်မြို့နယ်ရှိ စမုံရေထိန်းတမံတွင် ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးမှုများကို စက်ယန္တရားများ အသုံးပြု၍ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု၊ မြစ်သားမြို့နယ်ရှိ ကင်းတား လက်ဝဲမြောင်းမကြီး ရေငုပ်ပြွန်နှင့် စမုံရာဘာ တမံရေကျော်၍ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေ များ၊ ရှမ်းပြည်နယ် ရွာငံမြို့နယ် မြို့ကြီးရေလှောင်တမံ၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် မြို့အတွင်း ဇော်ဂျီမြစ်ပေါ်တွင် တည်ရှိသည့် မင်းရဲရေလွှဲဆည်၊ ဇီးတောရေလွှဲဆည်၊ ဇော်ဂျီရေ ထိန်းဆည်၊ မြစ်သားမြို့အနီး ပန်းလောင်မြစ်ပေါ်တွင် တည်ရှိသည့် စမာရေလွှဲဆည်တို့အား သွားရောက်၍ ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲမှ ရေကျော်ကျခဲ့ မှုအခြေအနေများ၊ ရေကာနံရံ၊ ရေတံတခါး၊ ရေလွှဲဆည်ကြံ့ခိုင်မှုအခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေလှောင်တမံ ဘေးကင်းလုံခြုံရေးအတွက် နေ့ညမပြတ် စောင့်ကြည့် စစ်ဆေးကြရန် ဆွေးနွေးမှာကြားခဲ့။
- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလူမွန်သည် နေပြည်တော် ကောင်စီနယ်မြေအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျဉ်းမနားမြို့ရှောင်လမ်းတစ်လျှောက် နှင့်ပျဉ်းမနားသကြားစက်လမ်းတို့တွင် ပျက်စီးသွားသည့် တယ်လီဖုန်းတိုင်နှင့် ကေဘယ်ကြိုး များ ပြန်လည်ပြုပြင်ဆောင်ရွက်မှုအခြေအနေများ၊ သကြားစက်အနီးရှိ မိုဘိုင်းစခန်းနှင့် ဘောဂသီရိကားကြီးကွင်းအတွင်းရှိ မိုဘိုင်းစခန်းများ ရေကြီးနစ်မြုပ်ခဲ့မှုအခြေအနေများ၊ အစားထိုးပြုပြင်နေမှုအခြေအနေများ၊ ကင်းသာလမ်းခွဲမှတစ်ဆင့် တပ်ကုန်း-ပင်လောင်း တစ်လျှောက်သွယ်တန်းထားသည့် ဖိုက်ဘာကေဘယ်များအခြေအနေများကို ကြည့်ရှုစစ် ဆေးခဲ့။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်များ၊ ချောင်းများတွင် ရေစီးဆင်းမှုများပြားခြင်း၊ ရေလှောင်တမံများတွင် ရေဝင်ရောက်မှုများလာခြင်းတို့ကြောင့် သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်လာခဲ့သဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား တာဝန်ရှိသူများက အနီးကပ် စောင့်ကြည့်စီမံမှုများဆောင်ရွက်လျက်ရှိပြီး ရေဘေးကာကွယ်ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၉-၂၀၂၄)
- ပြည်ထောင်စုဝန်ကြီးများသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်း များဆောင်ရွက်နေမှု၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ ရေလှောင်တမံ၊ ရေလွှဲ ဆည်၊ ရေထိန်းဆည်များ ကျိုးပေါက်မှုမရှိစေရေးလုပ်ငန်းများ၊ ရေဘေးသင့် ကွန်ပျူတာ တက္ကသိုလ် (တောင်ငူ)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(တောင်ငူ) ပြန်လည်ဖွင့်လှစ်ရေး ဆောင်ရွက်နေမှု၊ ရေသောက်စနစ်များ ရာသီချိန်အမီအသုံးပြုနိုင်ရေး၊ ရေကြီးနစ် မြုပ်ခဲ့သည့် လယ်ယာမြေများ ပြန်လည်စိုက်ပျိုးရေးတို့ကို ကွင်းဆင်းစီမံဆောင်ရွက်ခဲ့ပြီး တပ်ကုန်း မြို့နယ်၊ ချောင်းခြားကျေးရွာမှ အစာအဆိပ်သင့်ရောဂါလက္ခဏာများဖြစ်ပွား၍ အတွင်းလူနာအ ဖြစ် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား သွားရောက်ကြည့်ရှုအားပေးစကားပြော ကြားခဲ့။
Add new comment