နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းဦးဆောင်သော ကိုယ် စားလှယ်အဖွဲ့သည် ဘန်ကောက်မြို့၌ စက်တင်ဘာလ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် အာရှဒေသဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC)၏ (၆) ကြိမ်မြောက်ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးသို့ နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများမှဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်များ၊ ဥပဒေပညာရှင်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများနှင့်အတူ တက်ရောက် ခဲ့ပါသည်-
- စက်တင်ဘာလ ၁၈ ရက်တွင် အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံးသုံးရုံးမှ ၎င်းတို့၏ ဆောင်ရွက် မှုအစီရင်ခံစာများကို တင်ပြခဲ့ကြပြီး AACC အသင်းကြီးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ညီလာခံအပြီးတွင် ထုတ်ပြန်မည့် ဘန်ကောက်ကြေညာစာတမ်းတို့အပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့။
- စက်တင်ဘာလ ၁၉ ရက်တွင် ခုံရုံးဥက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများ၏ အရေးပါပုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ စီရင်ပိုင်ခွင့်များအကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်မှုတို့နှင့်စပ် လျဉ်း၍ ဆွေးနွေးခဲ့ပြီး ညီလာခံသို့ တက်ရောက်လာကြသူများက ၎င်းတို့နိုင်ငံအလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့်စပ်လျဉ်းသည့် အသိအမြင်၊ အတွေ့အကြုံ၊ ဗဟုသုတများကို ဖလှယ်ခဲ့။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၂၁ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ် ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၉-၂၀၂၄)
- ညီလာခံ၌ ခုံရုံးဥက္ကဋ္ဌက ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများ၏ အရေးပါပုံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ စီရင်ပိုင်ခွင့် များအကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
Add new comment