၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအတွက် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းများ ဖွင့်လှစ်

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့နယ်အသီးသီး၍ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများအား စက်တင် ဘာလ ၁၇ ရက်မှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်-

  • ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အမှတ်()အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ မြို့နယ်အဆင့်သန်းခေါင်းစာရင်းစာရင်းစစ် စာရင်းကောက်သင်တန်းကို သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၁၉၉) ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိ။
  • မော်လမြိုင်မြို့နယ်၌ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို သင်တန်း သား၊ သင်တန်းသူ (၁၉၉) ဦးဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိ။
  • နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမနှင့် သာသနာ့ ဗိမာန် တို့၌လည်းကောင်း၊  ဇေယျာသီရိမြို့နယ်စုပေါင်းခန်းတို့၌လည်းကောင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် မြို့နယ်စာရင်းစစ်၊ စာရင်း ကောက်သင်တန်းများဖွင့်လှစ်သင်ကြားလျက်ရှိ။

မြို့နယ်စာရင်းစစ်၊ စာရင်းကောက် သင်တန်းများကို စက်တင်ဘာ ၁၇ ရက်မှ ၂၈ ရက်အထိ ဆွေးနွေးပို့ချလျက်ရှိပြီး ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များ မှ ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက သင်တန်းဖွင့်လှစ်သင်ကြားနေမှုများကို သွားရောက် တွေ့ဆုံအားပေးခြင်း၊ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခြင်း စသည့်လုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၂၁-၉-၂၀၂၄)

  • ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းများနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အသီးသီး၍ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများအား စက်တင်ဘာလ ၁၇ ရက်မှ ၂၈ ရက်ထိ ဖွင့်လှစ်သင်ကြားလျက်ရှိ။
  • မြို့နယ်အဆင့် သန်းခေါင်းစာရင်းစာရင်းစစ် စာရင်းကောက်သင်တန်းကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၉၉) ဦးတို့ဖြင့်လည်းကောင်း၊ မော်လမြိုင် မြို့နယ်၌ သင်တန်းသား၊ သင်တန်းသူ (၁၉၉) ဦးဖြင့်လည်းကောင်း ဖွင့်လှစ်သင်ကြားလျက်ရှိပြီး နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်၌လည်းကောင်း၊  ဇေယျာသီရိမြို့နယ်၌ လည်း ကောင်း ဖွင့်လှစ်သင်ကြားလျက်ရှိ။

Add new comment