နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်အထိ “ယုံကြည်မှုများတိုးမြှင့်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းအတွက် အမျိုး သမီးများကဏ္ဍ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်လျက်ရှိသည့် စတုတ္ထအကြိမ်မြောက် ယူရေးရှားအမျိုးသမီး ဖိုရမ်သို့ ဗီဒီယိုမိန့်ခွန်းပြောကြားပေးပို့ခဲ့ပါသည်။
ဖိုရမ်၏ ဖွင့်ပွဲနှင့် မျက်နှာစုံညီအခမ်းအနားတို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၊ ရုရှားနိုင်ငံအထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စဗာလန်တီးနား မာ့တ်ဗီရမ်ကာနှင့် စိန့်ပီတာ စဘတ်အစိုးရအဖွဲ့အကြီးအကဲ မစ္စတာ အလက်ဇန္ဒားဘယ်ဂ်လော့တို့က မိန့်ခွန်းတက်ရောက်ပြော ကြားခဲ့ပြီးနောက် ဖိုရမ်သို့တက်ရောက်လာသော နိုင်ငံတကာလွှတ်တော်အသီးသီးနှင့် အစိုးရအဖွဲ့ အစည်းများ၏ အမျိုးသမီးခေါင်းဆောင်များက မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက-
- မြန်မာနိုင်ငံတွင် အစိုးရမဟုတ်သောအဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံအမျိုးသမီး ရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း စသည့် အသင်းအဖွဲ့များ အနေဖြင့် အမျိုးသမီးများ၊ မိခင်လောင်းများ၊ အမျိုးသမီးငယ်ရွယ်များ၊ ကလေးသူငယ်များ၊ သက်ကြီးဘိုးဘွားများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမျိုးသမီးများ၏ဘဝလုံခြုံရေးကို ကူညီစောင့်ရှောက်လျက်ရှိပြီး မိမိအနေဖြင့် ဂုဏ်ထူး ဆောင်နာယကအဖြစ် လမ်းညွှန်ပါဝင်ဆောင်ရွက်နေကြောင်း။
- မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်သည့်အတွက် ကမ္ဘာ့ အမျိုးသမီးများနှင့်အတူ မြန်မာအမျိုးသမီးများသည်လည်း ယုံကြည်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း။
- မျက်မှောက်ခေတ်ကမ္ဘာကြီးတွင် လိုအပ်လာသော နည်းပညာကဏ္ဍဖွံ့ဖြိုးမှု၊ လူ့အခွင့်အရေး၊ အထူးသဖြင့် အမျိုးသမီးအခွင့်အရေးချိုးဖောက်မှု၊ ကုန်သွယ်ရေးပဋိပက္ခ၊ စစ်ရေးပဋိပက္ခ စသည့် စိန်ခေါ်မှုများကိုရင်ဆိုင်နေရပြီး အမျိုးသမီးများ၏ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင် မှုနှင့် စီမံခန့်ခွဲမှုအရည်အသွေးများ တစ်နေ့တခြား လိုအပ်မှုရှိလာသည်ကို တွေ့ရကြောင်း။
- ယခုအချိန်သည် အမျိုးသမီးများ၏ နေ့စဉ်ဘဝကိစ္စဆောင်ရွက်မှုကိုသာမက ကမ္ဘာ့ရေးရာ ကိစ္စများတွင်ပါ ရဲစွမ်းသတ္တိ၊ ယုံကြည်မှု၊ လုံ့လဝီရိယရှိမှု၊ ဦးဆောင်နိုင်မှု၊ ခံနိုင်ရည်စွမ်းအား၊ ဖန်တီးနိုင်မှုစွမ်းအားများကို အသိအမှတ်ပြုအားပေးရမည့် အချိန်အခါဖြစ်ကြောင်း။
- မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို အထူးအလေးထားလျက်ရှိပြီး ယူရေးရှားအမျိုးသမီး ဖိုရမ်သည် ကမ္ဘာတစ်လွှားမှ အမျိုးသမီးများ၏ အကျိုးစီးပွားကို မြှင့်တင်ရေးအတွက် သာမကဘဲ ယုံကြည်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကို အကောင်အထည် ဖော်နေသော အမျိုးသမီးထုကြီး၏ စုပေါင်းအင်အားအတွက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့။
အဆိုပါဖိုရမ်ကို “ငြိမ်းချမ်းရေးနှင့် ယုံကြည်မှုအတွက် အစီအစဉ်သစ်”၊ “စီးပွားရေးဆိုင်ရာ အမှန်တရား - နည်းပညာများနှင့် တီထွင်ဆန်းသစ်မှုများ”၊ “ကျန်းမာသန်စွမ်းသော လူ့အသိုင်းအဝိုင်းနှင့် သာယာဝပြောသော လူမှုအဖွဲ့အစည်း”၊ “သန့်ရှင်းသောကမ္ဘာနှင့် အစားအသောက်လုံခြုံရေး”၊ “ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းခြင်းနှင့် ယဉ်ကျေးမှုကွဲပြားခြားနားခြင်းတို့အတွက် အမျိုးသမီး များ၏ကဏ္ဍ"နှင့် “BRICS အမျိုးသမီးဖိုရမ်ဆွေးနွေးပွဲ” တို့ကို ခေါင်းစဉ်များအလိုက် ကျင်းပဆွေးနွေး ကြပြီး “ဓလေ့ထုံးထမ်းများကို ထိန်းသိမ်းခြင်းနှင့် ယဉ်ကျေးမှုကွဲပြားခြားနားခြင်းတို့အတွက် အမျိုးသမီး များ၏ကဏ္ဍ” ခေါင်းစဉ်အောက်၌ မြန်မာအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင် ကလည်း ဗီဒီယိုမိန့်ခွန်းပေးပို့ ပြောကြားခဲ့ပါသည်။
စတုတ္ထအကြိမ်မြောက် ယူရေးရှားအမျိုးသမီးဖိုရမ်သို့ နိုင်ငံတကာမှ ဒုတိယသမ္မတများ၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အာကာသ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့် နျူကလီးယားကဏ္ဍဆိုင်ရာ အမျိုးသမီးခေါင်းဆောင် များနှင့် ပညာရှင်များအပါအဝင် နိုင်ငံပေါင်း(၁၂၆)နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း (၁,၅၀၀) ဦး ပါဝင် တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။( မြဝတီသတင်းစာ ၂၁-၉-၂၀၂၄)
- မြန်မာနိုင်ငံ၏ လူဦးရေထက်ဝက်ကျော်သည် အမျိုးသမီးများဖြစ်သည့်အတွက် ကမ္ဘာ့အမျိုးသမီး များနှင့်အတူ မြန်မာအမျိုးသမီးများသည်လည်း ယုံကြည်မှုနှင့် ကမ္ဘာလုံးဆိုင်ရာပူးပေါင်း ဆောင် ရွက်မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိ။
- ယခုအချိန်သည် အမျိုးသမီးများ၏ နေ့စဉ်ဘဝကိစ္စဆောင်ရွက်မှုကိုသာမက ကမ္ဘာ့ရေးရာကိစ္စ များတွင်ပါ ရဲစွမ်းသတ္တိ၊ ယုံကြည်မှု၊ လုံ့လဝီရိယရှိမှု၊ ဦးဆောင်နိုင်မှု၊ ခံနိုင်ရည်စွမ်းအား၊ ဖန်တီးနိုင်မှုစွမ်းအားများကို အသိအမှတ်ပြုအားပေးရမည့် အချိန်အခါဖြစ်။
- ယူရေးရှားအမျိုးသမီးဖိုရမ်သည် ကမ္ဘာတစ်လွှားမှ အမျိုးသမီးများ၏ အကျိုးစီးပွားကို မြှင့်တင် ရေးအတွက်သာမကဘဲ ယုံကြည်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကို အကောင် အထည်ဖော်နေသော အမျိုးသမီးထုကြီး၏ စုပေါင်းအင်အားအတွက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်။
- စတုတ္ထအကြိမ်မြောက် ယူရေးရှားအမျိုးသမီးဖိုရမ်သို့ နိုင်ငံတကာမှ ဒုတိယသမ္မတများ၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အာကာသ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့် နျူကလီးယားကဏ္ဍဆိုင်ရာ အမျိုး သမီးခေါင်းဆောင်များနှင့် ပညာရှင်များအပါအဝင် နိုင်ငံပေါင်း(၁၂၆)နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း (၁,၅၀၀) ဦး ပါဝင်တက်ရောက်ခဲ့။
Add new comment